Monday, August 1, 2011

ဘ၀ဆိုတဲ့ အခြေအနေ

အင်း........။ ဘ၀တွေကလဲ တော်တော်ဆန်းကြယ်တာပါပဲလား။ မသေခင်လေးအတွင်းမှာ လိုအပ်တာတွေ အတွက် ရှာကြဖွေကြ။လုပ်ကြ ကိုင်ကြ ၊သွားကြလာကြ၊ ပြောကြဆိုကြနဲ့။ သေသွားတော့လဲ ဘာမှ မဟုတ်တော့။ ဘာမှမဟုတ်တော့တဲ့ အပြင် နောက်ဘ၀မှာလဲ ဒီလိုပဲ လိုအပ်ချက်တွေနဲ့ နှစ်ပါးသွားရအုံးမှာပါပဲလား တွေးမိလိုက်တိုင်း တော်တော်ရင်လေးနေမိပါရဲ့။ တိရစ္စာန်ဘ၀ ငရဲ ဘာညာ အသာထား လူ့ပြည်ပြန်ရောက်ရင်တောင် နေရမှာ ကြောက်စရာပါ။ အိုနေတဲ့သူတွေ တွေ့မြင်မိလေတိုင်း ငါလည်း တစ်နေကျသူတို့လို မဖြစ်ချင်လဲ ဖြစ်ရမှာပါပဲလားလို့တွေးမိတော့ ဒီခန္ဓာကိုယ်ကြီးရဲ့ ဆင်းရဲ အစစ်ကြီးမှန်း တော်တော်ကို သိမြင်လာမိပါတယ်။ နောက် သချိုင်းကုန်းနားကနေ ဖြတ်သွားလို့ လူသေကောင်တွေ မီးရှို့နေတာ။ ဒါမှမဟုတ် မီးရှို့ ထားတာတွေ မြင်ရတဲ့ အခါတိုင်း စိတ်ထဲမှာတော့ သံဝေဂတွေရော။ ဒီရုပ်တရားတွေရဲ့ အသက်မရှိရင် ဘာမှ မဟုတ်တော့ဘူး ဆိုတာတွေ မြင်မြင်လာမိပါတော့တယ်။

No comments:

Post a Comment