Tuesday, August 2, 2011

မီးတောက်ချို

ချိုမြစွာ
သတိရနေခဲ့ပေမယ့်
အတိတ်ကတော့
ခပ်ခါးခါး . . .

မီးလောင်ပြင်တစ်စလို
မွတ်သိပ်စွာ ကွဲအက်
ဘ၀ ကတော့
ဖုန်ဆိုးတောထဲ အလံထူ . . .

အချစ်စစ် ဆိုတာ ဒါလား
ရှုနေတဲ့ လေတောင်
ပေါ်လိုက် ပျောက်လိုက် . . .


နေတွေ တစင်းပြီး တစင်းထွက်
ရေအိုင်တွေခန်းခြောက်
ဗုဒ္ဓဘုရားဟောတဲ့
ကိလေသာ မီးတောက် ဆိုပါလား . . .

အဆင်းလှလှ
အရောင်ချိုချို
ငါ ၀င်တိုးတဲ့
မီးတောက် ပျို . . .။ ။



**မာဃလုလင်**

No comments:

Post a Comment