Tuesday, August 2, 2011

ဗြုတ်စဗျင်းတောင်း

ဆပ်ပြာသယ် လင်ပျောက်သလိုပဲ
ပြာယာခတ်နေတဲ့ ဘ၀တွေလေ.......
နိစ္စဓူဝ အလျှင်မမှီခြင်းတွေက
ဘာစီလိုနာအသင်းလို
အချိတ်အဆက်ကိုမိလို့......

အုန်းပင်တွေ ရွေ့စိုက်ထားတဲ့
မြို့အတုထဲက လူအတုတွေကတော့
ကာရာအိုကေနဲ့ နှုတ်ခမ်းနီမလေးတွေနဲ့
အပျော်အတုတွေကြား
သူအရပ်နဲ့သူဇာတ်
အစပ်အဟပ်ကို တည့်လို့.....





ပြောပါတယ်.....
အစကတည်းက မရိုးခဲ့တာပါလို့
အစမရိုးတော့ အစိုးမရတာ
ဘာဆန်းလို့တုန်း ဟုတ်ဘူးလား....
ခေါင်းပေါင်း ပေါင်းပြီးထွက်လည်း
ဘီလူးကတော့ ဘီလူးပါပဲ....

ဟုတ်ကဲ့....
မျက်လှည့်ဆရာတွေတောင်
မျက်စိလည်တဲ့ တိုင်းပြည်မှာ
ကျုပ်တို့က လူဖြစ်ခဲ့တာကလား
ကိုယ့်အစ ကိုယ်ပြန်ရှာမရတာများ
ဝမ်းနည်းမနေစမ်းပါနဲ့ဗျာ....

ကျုပ်တို့အားလုံး...
ပေါက်ကွဲခြင်းတွေ
အချိတ်အဆက်မိတဲ့တနေ့
ဘောလုံးသမားတွေလို
အားရပါးရ အောင်ပွဲခံကြမယ်
ကဲ... ဘယ့်နှယ့်လဲ....။


အစကတည်းက မရိုးခဲ့တာပါလို့
အစမရိုးတော့ အစိုးမရတာ
ဘာဆန်းလို့တုန်း ဟုတ်ဘူးလား....
ခေါင်းပေါင်း ပေါင်းပြီးထွက်လည်း
ဘီလူးကတော့ ဘီလူးပါပဲ....

ဟုတ်ကဲ့....
မျက်လှည့်ဆရာတွေတောင်
မျက်စိလည်တဲ့ တိုင်းပြည်မှာ
ကျုပ်တို့က လူဖြစ်ခဲ့တာကလား
ကိုယ့်အစ ကိုယ်ပြန်ရှာမရတာများ
ဝမ်းနည်းမနေစမ်းပါနဲ့ဗျာ....

ကျုပ်တို့အားလုံး...
ပေါက်ကွဲခြင်းတွေ
အချိတ်အဆက်မိတဲ့တနေ့
ဘောလုံးသမားတွေလို
အားရပါးရ အောင်ပွဲခံကြမယ်
ကဲ... ဘယ့်နှယ့်လဲ....။

**N.M.T (ညီမင်းသစ်)**

No comments:

Post a Comment