အော်.....။ အကုသိုလ်ကတော့ ဘယ်သူ့ကိုနေနေ သူ့လုပ်ဆောင်ချက်အတိုင်း မကောင်းကျိုးပေးတတ်တာပါလား ဒါကိုယ်တွေ့ပါ။အသိသာကြီးပဲ ဖြစ်ပါတယ်။ ကိုယ်ကုသိုလ်တွေလုပ်နေပြီ အကုသိုလ်တွေ ကင်းနေပြီဆိုရင် ဘာစိတ်ညစ်စရာမှ မရှိ၊ဘယ်သူနဲ့မှ ပြဿနာမရှိ၊လုပ်သမျှ အဆင်ပြေနေတော့တာပဲ။ အင်း.......ဒီလိုနဲ့နေလာရင်း တဟားဟား တ၀ါးဝါးနဲ့ ပျော်ပျော်ကြီး အကုသိုလ်တွေ လုပ်၊ လုပ်ချင်ရာတွေလုပ် စိတ်ကို ချုပ်တည်းမှုမရှိ သူသွားတိုင်း လိုက်ပေးပြီး လွှတ်ထားလိုက်ပြီဟေ့ ဆိုရင် လာပြီ လာပြီ upset တွေ ဆင့်ဆင့်ပြီး ရိုက်တော့တာပဲ။ မိတ်ဆွေတွေက ရန်သူဖြစ်၊ အရင်က အဆင်ပြေမယ် လွယ်လွယ်လေးပါလို့ ထင်ထားတာတွေက အခက်ကြီးခက်ပြီး ဘာမှ လုပ်လို့မရ။ ပစ္စည်းတွေ ပျောက်ပျက်၊ကုန်ဆုံး၊ ရရှိမယ့် ပစ္စည်းဥစ္စာတွေလဲ ကိုယ်နဲ့အလွဲကြီးလွဲ၊ အိုး..........လုပ်သမျှ ဒုက္ခဆိုတာ ဒီလို ဟာမျိုးပါလို့ ပြောလို့ရပါတယ်။ ဒါကြောင့်မို့ စိတ်ကို အတတ်နိုင်ဆုံးထိန်း၊ တစ်ခုခုကို စိတ်နှစ်ပြီးလုပ်၊အထူးသဖြင့် ကိုယ်ဝါသနာပါရာကို စိုက်လတ်မတ်တတ် လုပ်နေလိုက်ရင် အကုသိုလ် အ၀င်နည်းပြီး ကိုယ့်ရည်ရွယ်ချက်လဲ ပေါက်မြောက်ပြီး အကုသိုလ်လည်း ကင်းမယ်ထင်ပါတယ်။ ဒါပေမယ့်လည်း ဆရာဦးရွှေအောင်ပြောသလို အကုသိုလ်အာရုံဆိုတာကလည်း စာသိ ကိုယ်တွေ့သိ ဖြစ်ပေမယ့်လည်း စာသိတွေက ဘ၀အဆက်ဆက်က ပါလာခဲ့တဲ့ စရိုက်သိကို မကျော်လွန်နိုင်တာကြောင့် အကုသိုလ်တွေကို ထပ်တလဲလဲ ကျူးလွန်နေမိပြန်ရော။ ကုသိုလ်တွေရဖို့ ၊အကုသိုလ်တွေနဲ့ ကင်းကင်းရှင်းရှင်းဖြစ်ဖို့ဆက်လက်ကြိုးစားကြရဦး မှာပဲလေ။
No comments:
Post a Comment