Tuesday, June 29, 2010

လောကဓံ လေရိုင်း

**လောကဓံဆိုတဲ့ လေ
အမှတ်မထင် ထင်ရာစိုင်း
ရိုင်းသမျှ မွှေ
တခါတရံ ရွက်စုကြွေ
တခါတရံ ရွတ်နုဝေ
ကြွေတခါ ဝေတလှည့်။

**မုန်းချစ် မဟူသာ
သူ့အခါ သူ့ချိန်ရောက်က
လောကဓံ သူမွှေနှောက်နေကျ
ကြောက်စရာလဲ မလို
ငိုစရာလဲ မဟုတ်
ကြုံလာလျှင် မဖြုန်ချင်စမ်းပါနဲ့
လမ်း မပျောက်စေနဲ့။ ။

No comments:

Post a Comment