**သံသယ တွေနဲ့
တရွရွတက်ပြီး
အအိပ်ပျက် အစားပျက်
သောကမီးအိမ် တလက်လက်။
**မနက်ခင်းမှာတော့
လက်ငင်းယူပစ်သလို ပျောက်
လမ်းပေါ်လျှောက် လူတွေခင်
အပူအပင် ဘာမှမရှိ
ပကတိ ကျန်းမာနေလျက်ပင်။
**ည ည အိပ်ရာဝင်
စိတ်အမျှင် ပင့်ကူဖွဲ့
ဟိုဖက်လှည့် သည်ဖက်လှည့်
အဖော်မဲ့ တကိုယ်တော်
စက်မပျော်တိုင်း ပုတီးစိပ်
ပရိတ် တပိုင်းတစ
သောကနဲ့ သံသယ
ခဏကလေး ပျောက်ပြန်တော့
ဟောက်သံကြားရ ပြန်ပါတယ်။
**အိုး…. အမှောင်ညငဲ့….
သံသယတွေ ခေါ်မလာနဲ့ကွယ်….။
No comments:
Post a Comment