Monday, June 14, 2010

မစားချင်ဦး…

ချဲလ်ဆီးအသင်းနှင့် အင်္ဂလန်အသင်းမှ လမ်းပတ်၏ အသက်မှာ ၄၀-ရှိပြီဖြစ်သည်။ စားသောက်ဆိုင်တစ်ခုအတွင်း၌ သူငယ်ချင်းဖြစ်သူ တယ်ရီအားရင်ဖွင့်နေသည်။
`တော်ပြီကွာ… ခုဆိုရင် ငါအိမ်ထောင်ပြုတာ ၃-ကြိမ်တောင်ရှိပြီ… တစ်ကြိမ်မှ ကံမကောင်းဘူး။ ပထမ ၂-ကြိမ်တုန်းက မိန်းမတွေက မှိုစားလို့ အဆိပ်သင့်ပြီးသေရတယ်။ နောက်ဆုံးတစ်ယောက်ကျ ခေါင်းကွဲပြီးသေရတယ်။ ကံမကောင်းပါဘူးကွာ´

တယ်ရီက… `ထူးထူးဆန်းဆန်းကွာ။ ပထမ နှစ်ယောက်ကျတော့ မှိုစားလို့သေပြီး နောက်ဆုံးတစ်ယောက်ကျမှ ခေါင်းကွဲပြီးသေရတယ်လို့´
`အေးလေ… သူက မှိုမှမစားချင်တာကိုး´

No comments:

Post a Comment