အော်....... ငွေ..ငွေ ၊ငယ်စဉ်တောင်ကျေးဘ၀ မုန့်ဝယ်စားတဲ့နေရာမှာလည်း ငွေ...တောကနေ မြို့ တက်လာပြန်တော့လည်းငွေ... တက္ကသိုလ်တက်တုန်းကလည်း သူများတွေ ကွန်ပြူတာ အထက်စက် အောက်စက် တွေဝယ်တာ မြင်ရတိုင်း ငွေ..အခုနိုင်ငံခြားရောက်နေပြန်တော့လည်းငွေ...၊ တော်တော် စကားပြောပါလား ငွေရယ်...
ကိုယ့်ထံသို့ ငွေနည်းနည်းဝင်လာရင် နည်းနည်းပျော်သလို ငွေများများရရင် များများပျော်ပါတယ်။ အခြားတစ်ဖက်မှာတော့ ကိုယ့်ဆီကငွေတွေ အကျိုးရှိရှိ ဒါမှမဟုတ်အဖတ်တင်ပြီး ကုန်သွားရင်တော်သေးရဲ့ ပျောက်ပျက်သွားတာ ... ခိုးယူခြင်းခံရတာ.....သူများကနေ မတရားယူသွားတာတွေကြုံရရင်လေ...စိတ်ညစ်ရပါတယ်။
ရဟန်းဘ၀ဆိုတာ လူတွေထက်စိတ်ချမ်းသာမှ အမြတ်ကျန်မှာဆိုတာ သိထားသလို စိတ်ချမ်းသာမှ ရဟန်းဘ၀နေရတာ အကျိုးရှိတယ်လို့လည်း စွဲစွဲမြဲမြဲ မှတ်ယူထားခဲ့ပါတယ်။ အခုတော့ ဒီငွေကြောင့် စိတ်ညစ်ညစ်နေရတယ်။ ဒါကို ဘယ်လို ဖြေရှင်းမလဲ............
ကျွန်ုပ်အမြင်ကို တင်ပြရရင် အခုခေတ်ကြီးမှာ ကိုယ့်ကျင့်တရားက ထိပ်ဆုံးနေရမှာ အမြဲရှိနေကြောင်း လက်ခံပါတယ်။ တဖက်မှာလည်း ငွေမရှိလို့ ဘယ်လိုမှ မဖြစ်တဲ့ အခြေအနေတွေ ဖြစ်နေပါတယ်။ အလွန်လွယ်ကူသက်သာ မြန်ဆန်တဲ့ ပစ္စည်းကိရိယာတွေ ။ အသင့်သုံး အသုံးအဆောင်တွေ၊ အစားအစာတွေ နေရာထိုင်ခင်းတွေ ။ အလွန်ဇိမ်ရှိတဲ့ ဇိမ်ခံပစ္စည်းတွေ ကမ္ဘာတ၀ှမ်းမှာ ရှိတဲ့ ထင်ရှားတဲ့နေရာတွေ လှပတဲ့နေရာတွေ အဲဒါတွေအားလုံးဟာ မျက်မြင်နဲ့အစဉ်အလာအရဆိုရင် ငွေရှိမှ ရမယ် ခံစားနိုင်မယ်ဆိုတာ လူတိုင်းနားလည်ကြမှာပါ.......။ငယ်စဉ်အခါက ငွေရဖို့ တနည်းအားဖြင့် အသက်မွေးဝမ်းကျောင်းဖို့ ပညာ သို့မဟုတ် စီးပွားရေး မစုဆောင်း မတတ်မြောက်ခဲ့ဖူးဆိုရင် အဆင့်အတန်းမြင့်မြင့်နဲ့ ဇိမ်ခံနေသူတွေကို မော်ကြည့်နေရုံက လွဲလို့ ဘာမှမတတ်နိုင်ပါ။ပညာရေး စီးပွားရေးတွေနဲ့အခြေမခံဘဲ ဘာပဲဖြစ်ဖြစ် ငွေရဖို့ ခိုးမယ် ၀ှက်မယ် လုမယ် လိမ်မယ် ငွေရပြီးရောဆိုရင်တော့ သွားပြီ။ လုံးဝသွားပြီ ပိုပြီးနိမ့်ကျသွားပြီ။ ပိုပြီး ငွေတွေသာမက ကိုယ့်မှာ ပင်ကိုရှိရင်း ငွေရမယ့် လမ်းကြောင်းတွေပါ ပိတ်ဆို့သွားပါပြီ............။
ငွေပေါများသူအဖြစ် ကိုယ်မတတ်နိုင်တော့ပေမယ့် နောင်လာနောက်သားတွေကို ငွေကအရေးကြီးကြောင်း ငွေကိုရှာတဲ့နေရာမှာ ငွေရဖို့ ပညာကို ကျွမ်းကျွမ်းကျင်ကျင်တတ်ဖို့ ၊ အလုပ်ကို ရိုးရိုးသားသား ကြိုးကြိုးစားစားလုပ်ဖို့ ငွေမရှိပါက အခက်အခဲများစွာ ကြုံတွေ့နိုင်ကြောင်းတွေကို ကြိုတင်ပြောပြထားသင့်ပါသည်။ စွဲမြဲနေအောင် လမ်းညွန်ပေးသင့်ပါသည်။ငယ်စဉ်ကတည်းကနေ အခုလို လမ်းညွန်ထားပါမှ မျိုးဆက်သစ်တို့ နောင်အရေး စိတ်အေးရမည် ထင်ပါသည်။

No comments:
Post a Comment