**စီဒီရွမ်… တချပ်ထဲနဲ့
ပိဋကတ်သုံးပုံ နှုတ်ငုံဆောင်ထားနိုင်တယ်။
**ခလုတ်နှိပ်ရုံနဲ့
အတိတ်တွေ ရှေ့မှောက် ရောက်
ပစ္စုပ္ပန်နဲ့ လမ်းဆက်လျှောက်နိုင်တယ်။
**ကမ္ဘာကြီးဟာ ကျဉ်း
ဝန်ဆောင်မှုလဲ ကျဉ်း
ပညာစွယ်စုံကျမ်းတွေလဲ ကျဉ်း
အမြင်ကျဉ်းမှာကိုပဲ စိုးရတယ်။
**လက်ခုပ်တွင်းက ရေဟာ
ဧရာဝတီ ဖြစ်လာ
မဟာသမုဒ္ဒရာ တိုင်ချင်တိုင်စေတော့
သေးငယ်လေလေ ပါပဲကွယ်…။ ။
No comments:
Post a Comment