Sunday, June 20, 2010

အဖြေမပေါ်သေးလို့..........

နောက်ကျမှကျောင်းခန်းထဲရောက်လာသော တပည့်အား ဆရာက မေးမြန်းလိုက်သည်။
`မင်း ဘာဖြစ်လို့ဒီလောက် နောက်ကျတာလဲ´
ဆရာမှာ ဘောလုံးဝါသနာအိုးမှန်းသိသော တပည့်က ဆရာ့အကြိုက်ပြောလိုက်သည်။
`ကျနော် မန်ယူနဲ့ ချဲလ်ဆီးအသင်းချန်ပီယံလိဂ်ဗိုလ်လုပွဲကစားတာကို အိပ်မက်မက်နေလို့ပါ ဆရာ´
`ဟေ… ဒါပေမယ့် ဒီလောက်နောက်ကျစရာလားကွ´
`ဟုတ်ကဲ့… ပင်နယ်တီ အဆုံးအဖြတ်ကစားရတဲ့ အထိဖြစ်သွားလို့ပါ ဆရာ´

No comments:

Post a Comment