စာမေးပွဲနီးလာလို့ စာတွေ ကျက်မယ် ဘယ်ဟာ ဘယ်လို ဆိုပြီး အပိုင်းတွေခွဲ လုပ်ဖြစ်ပါတယ်။ ဒါပေမယ့် အစောကတည်းက မေးနေကျပုစ္ဆာတွေကို မသိခဲ့တာကြောင့် ငါကျက်ထားတာ ပါမှပါမလားပဲ...စသဖြင့် တွေဝေနေမိတာရယ်၊စာကို အခန်းအပြင်ထွက်ကျက်ရတာ အဆင်ပြေသင့်သလောက်ပြေပေမယ့် မိုးတွေဆက်တိုက်ရွာလိုက်တော့ မိုးယိုယို မိုးစိုစိုထဲကျက်ရင် ဖျားမှာကြောက်တာနဲ့ မကျက်ဖြစ်ပြန်တော့ နောက် ကိုယ်ကျက်မယ့် စာရွက်တွေကလည်း ဘာရယ်မဟုတ် အရင်နဲ့မတူ နိမိတ်ပြပုံစံမျိုး လွတ်လွတ်ကျနေတာကြောင့် ငါတော့ စာမေးပွဲကျမှာပါဆို ပြီး စာကို လုံးဝ လွှတ်ထားလိုက်မိသည်။
ကျောင်းစတက်တုန်းကတော့ ဘယ်လောက်ခက်တဲ့ စာဖြစ်ဖြစ် ငါရအောင်ကျက်နိုင်တယ်။ တစ်နှစ်တည်းနဲ့ရအောင်အောင်လုပ်မယ်၊ ပြီးရင်ပြန်မယ် နပသ က ကျန်ရှိနေတဲ့ အမ်အေ ကျမ်းကို ပြုပြီး တောင်တန်းသွားမယ်စိတ်ကူးထားတာတွေ ရှိခဲ့ပေမယ့် အခုတော့ အဲဒီအရာတွေနဲ့ပြောင်းပြန်ဖြစ်ကုန်ပါပြီလေ။
ဒီလို ကိုယ်စိတ်ကူးထားတာတွေ ပြောင်းပြန်ဖြစ်ကုန်တာ တော်တော်များနေပါပြီ။ဒါကို ကိုယ်က မေ့မေ့လျော့လျော့နေမိတာ မဟာ အမှားပါ။ အဲဒီအမှားရဲ့ အကျိုးဆက်ကြောင့် ကိုယ်စိတ်ရဲ့ ကြည့်မြင်လေရာကောင်းကင်မှာ စိတ်ညစ် စိတ်ခိုးငွေ့တွေနဲ့ အုံ့ဆိုင်းနေပါတော့တယ်။ ဒီအချိန်မှာပဲ လူထုဒေါ်အမာရဲ့စိတ်ခွန်အား ဆောင်းပါးတစ်ပုဒ်ကို ၀က်ဆိုက်တစ်ခုမှာ ဖတ်ရတော့ မှောင်မည်းနေတဲ့ ကိုယ်ကောင်းကင် ပြန်ကြည်လင်လာခဲ့ပါတယ်။ စာရေးဆရာတွေ စာဖတ်ပရိသတ်တွေ ချစ်ခင်လေးစားကြတဲ့ ဒေါ်ထုဒေါ်အမာရဲ့ ဆောင်းပါးကို အောက်မှာ တင်ဆက်လိုက်ရပါတယ်။
No comments:
Post a Comment