အခု သီရိလင်္ကာကို ရောက်လာတာ တစ်နှစ်ပြည့်ဖို့ ရက်ပိုင်းပဲ လိုပါတော့တယ်။ ကုန်လွန်ခဲ့တဲ့ နေ့ရက်တွေကို ပြန်လည် ငဲ့စောင်း ကြည့်လိုက်တော့ အားရစရာ သိပ်မတွေ့ခဲ့ရပါဘူး။ဒါပေမယ့် အင်တာနက်ကိုတော့ အားပါးတရ သုံးရပါတယ်။လွတ်လွတ်လပ်လပ်နေရတယ်။ ဒါပါပဲ။ အဓိက က အင်္ဂလိပ်စာကို ရေရေလည်လည် ပြောနိုင်ရေးနိုင်ဖတ်နိုင်ဖို့က အဓိကပါ။ဒီလိုမှ မဟုတ်ရင် မြန်မာနိုင်ငံမှာနေတဲ့သူတွေနဲ့ ဘာထူးမှာတဲ့လဲ။သူတို့လဲ ပြည်တွင်းက အင်္ဂလိပ်သင်တန်းတွေ တက်ပြီး ကိုယ့်လောက်ပြောနိုင် ၊ရေးနိုင်နေကြတာပဲ ။ ဟုတ်ဘူးလား။ပိုက်ဆံဆိုရင် ပြည်တွင်းမှာနေရင် တစ်နှစ်ကို တစ်သိန်းဆိုတာ အလွန်ဆုံးကုန်ခဲ့တာပါ။ ဒီမှာနေတော့ မိဘရဲ့ မြေရောင်း နွားရောင်းရတဲ့ ငွေတွေ၊ ချွေးနှဲစာငွေ တွေ ၃၀ လောက်ကုန် သွားတာပါ။ ဒါပေမယ့် သူတို့ကို ဘာမှ ပြန်ပြီး မပေးနိုင်တော့ စိတ်မကောင်းဖြစ်ရပါတယ်။နောက် အနာဂါတ်မှာ ကိုယ်က ထူးထူးချွန်ချွန်လုပ်ပြနိုင်ရင် တော်သေးရဲ့။သာမန်ပုံစံကြီးနဲ့သာ စခန်းသွားနေမယ်ဆိုရင်တော့ သွားပြီလေ။ မကြာခင် နောက်တစ်နှစ်ဆိုတာကြီးထဲ ခုန်ဝင်ရတော့မှာ....။အလုပ် လုပ်လုပ် မလုပ်လုပ်၊ တိုးတက်တက် ဆုတ်ယုတ်ယုတ်၊ တစ်နှစ်ပြည့်တော့ အသက်တစ်နှစ်ကြီးသွားတာ သေချာသွားပြီလေ။ဒီခေတ်ကြီးက လုပ်စရာတွေ မကုန်နိုင်တဲ့ခေတ်ကြီး ဆိုတာ သိသားနဲ့။ဒါကြောင့် အင်္ဂလိပ်စာကို သေသေချာချာ လုပ်ရမှာပါ။ဘုန်းကြီးလောကထဲ အင်္ဂလိပ်စာ ကျွမ်းကျွမ်းကျင်ကျင်တတ်တဲ့သူတွေကို လက်ချိုးရေလို့ ရတဲ့အဆင့်ပဲ ရှိပါသေးတယ်။ သာမန်ထမင်းစားရေသောက်လောက်တတ်တာကတော့ ကိုယ်ပြည်တွင်းမှာ မသိသာချင်နေမယ် နိုင်ငံတကာနဲ့ယှဉ်ကြရပြီဆိုရင် သေချာပေါက်နောက်ကျန်နေခဲ့မှာပါ..........။သူများတွေ ခိုင်းနှိုင်းကြတဲ့အတိုင်းပြောရရင် ခွေးအ လှည်းနင်းခံရသလိုကြီး ဖြစ်နေမှာပါ။ ဓမ္မဓရ ဦးကုမာရရဲ့ ကဗျာလေးနဲ့ နိဂုံးချုပ်ကာ အသိပေးလိုက်ပါရဲ့.။
ဦးစွာပထမ မြတ်ဗုဒ္ဓရဲ့ စာပေကိုသင်။
သင်ပြီးရင် ကျင့်ကြံ ဖြန့်ဖြူး၊
ငီးတီးတီး ငိုင်တိုင်တိုင်၊ ဒီအတိုင်းကြီး ထိုင်မနေနဲ့။
ထိုင်နေရင် ၊ ဘာမှ ဖြစ်မလာတာမို့။
သာသနာ အဓွန့်ရှည်ကြာစေဖို့။
ခေတ်မီမီနဲ့ ကြိုးစားစို့။ ။
No comments:
Post a Comment