
အခုတလော လမ်းမှာ aritel ဆင်းကဒ်တွေကို ၂ ကဒ် ရူးပီး ၅၀ နဲ့ ရောင်းနေတာတွေ့ရသလို၊မြန်မာနိုင်ငံကိုဆက်ရင် ကျန်တာတွေထက် ဈေးသက်သာတဲ့ etisalat ဆင်းကဒ် လိုချင်လို့ သူငယ်ချင်းကုလားဒကာကို ၀ယ်ခိုင်းတော့ ရူပီး၁၅၀ ပေးရသည်။အခုတော့ အဲဒီဆင်းကဒ်ကို တစ်ပွေ့ကြီး တစ်ကဒ်မှ ရူပီး ၁၀၀ ရာနဲ့တင် ဇွတ်အတင်းရောင်းနေသည်။ကွာပါဘိခြင်း။ကိုယ့်နိုင်ငံနဲ့။ဖြစ်နိုင်ရင် သီရိလင်္ကာက အပြန်လက်ဆောင်ကို ဆင်းကဒ်တွေ များများထည့်ပြီး ညီ အကို မောင်နှမ ခင်သူ မင်သူတွေကို တစ်ကဒ်စီ လက်ဆောင်ပေးလိုက်ချင်သည်။ဒါပေမယ့်......သိတော်မူကြတဲ့အတိုင်းပါပဲ............။ကိုယ်နိုင်ငံမှာတော့ ခေတ်မီ အသုံးအဆောင်တွေကို သူများနိုင်ငံသားတွေ သုံးလို့ရိုးအီနေပြီး နောက်ဆုံးပေါ်တွေ သုံးနေတော့မှ သုံးကြရပါစေ.....ဆိုပြီး ဘယ်မာရ်မာနတ်ကများ ကျိန်စာတိုက်ထားသလဲ........တစ်ခုခုတော့ တစ်ခုခုပေါ့လေ ။တကယ်ပါ။ကိုယ့်ရပ် ကိုယ့်ရွာက လူတွေ ဖုန်းဆိုတဲ့အရာကို မမြင်ဖူးဘူးသူတွေများ။ကြုံလို့ မြင်လိုက်ရပြီ ဆိုရင်လည်း ကိုယ်နဲ့ အလှမ်းဝေးတဲ့အရာလို့ ထင်မြင်ပြီး အဝေးကနေပဲ အော်..ဖုန်းတွေက ဟိုး..........အဝေးကြီးနဲ့ ဆက်သွယ်လို့ ရသားပဲ ။ဒီလောက်ပါပဲ။လွန်ခဲ့တဲ့ သုံးလေးနှစ်လောက်ကပေါ့လေ။လူတစ်ယောက်သူ့အမေဆုံးတော့ ဟိုးတောဖျားမှာ တောင်သူလုပ်နေလို့ ချက်ချင်းမသိရ။အကြောင်းကြားဖို့ ဖုန်းဆိုတဲ့အရာကြီး မရှိလေတော့ ထိုသူရဲ့ သမီးကနေ ဟိုတောတောင်ထဲအထိ လိုက်ခေါ်တော့ ညနေစောင်းပြီ။ အဲဒီ သူ့သားရောက်လာမှပဲ မသာချရတော့တယ်။ဒီလို အဖြစ်အပျက်မျိုးတွေ အများကြီးပါပဲ။ဘ၀မှာ လွယ်လွယ်လေးနဲ့ ခက်နေကြတာ ဘာကြောင့်များပါလဲ။ရှေးကံကြောင့်ပေါ့လို့ လွယ်လွယ်လေး ပြောချလိုက်တော့မလား။စဉ်းစားရ ခက်လှပါတယ်ကွယ်.................။
No comments:
Post a Comment