Saturday, July 10, 2010

ကံအကောင်းဆုံးနေ့....

ဂေါက်ကလပ်ရှိ အ၀တ်လဲခန်းအတွင်း တိုက်ဂါးဝုဒ်ထိုင်နေသည်။ ထိုစဉ် ဖုန်းမည်သံထွက်ပေါ်လာရာ အမျိုးသမီးတစ်ဦးက `ယောင်္ကျားရေ ကျမပါ။ ဂေါက်ကလပ်မှာလား။ ကျမလေ ဈေးကိုရောက်နေတာ။ လယ်သာကုတ်လေး လှလိုက်တာရှင် ဒေါ်လာ ၁၀၀၀-တဲ့။ ၀ယ်ရမလား´
`မင်းကြိုက်တယ်ဆိုဝယ်ပေါ့ကွာ´
`ပြီးတော့ ၂၀၀၂ မော်ဒယ် မာစီဒီးကားလေးကလည်း အရမ်းမိုက်တာ၊ ဒေါ်လာ ၆ သောင်းတဲ့´
`တန်သားပဲကွ၊ ၀ယ်ပေါ့´။

`ပြီးတော့လေ မနှစ်က ကျမတို့လိုချင်တဲ့ အိမ်ကလည်း အခုဈေးကျသွားပြီ။ ဒေါ်လာ ၅-သိန်းပဲရှိတော့တယ်´
`၀ယ်လေကွာ၊ ဒါပေမယ့် ဈေးတော့ဆစ်ဦး´
`အိုး ပျော်လိုက်တာ၊ ကျမအတွက် ကံအကောင်းဆုံးနေ့ပါပဲ´။
ဖုန်းပြန်ချပြီး ပြန်အထွက်တွင် တိုက်ဂါးဝုဒ်အား ဖီးလ်မက်ကင်ဆန်က မေးသည်။
`ဟေ့ ကျုပ်ဟမ်းဖုန်းတွေ့မိသေးလား´

No comments:

Post a Comment