ကျောင်းပြေးတဲ့ ကျောင်းသားတစ်ယောက်ကို ကျောင်းအုပ်ဆရာကြီးက သူ့ရုံးခန်းမှာ ခေါ်ယူပြီး စစ်ဆေးနေတယ်။
ဆရာကြီး။ ။ မင်းမနေ့က ကျောင်းပြေးပြီး ရေကူးနေတယ်ဆို…။
ကျောင်းသား။ ။ ဟုတ်ပါတယ်။
ဆရာကြီး။ ။ မင်းမှာ အပြစ်ရှိသလား..။
ကျောင်းသား။ ။ ရှိပါတယ်။
ဆရာကြီး ။ ။ အပြစ်ပေးရမယ်… ဒါပေမယ့် မင်းက ပထမဦးဆုံး အကြိမ်ဆိုတော့ ရွေးချယ်ခွင့်ပေးမယ်။ ထိုင်ထ အကြိမ် (၁၀၀)လုပ်ရမယ်။ ဒါမှမဟုတ်ရင် ကြိမ်ဒဏ် (၃)ချက်ရိုက်မယ်။ မင်းကြိုက်ရာကို ရွေးပေတော့…
ကျောင်းသား။ ။ ဘယ်ဟာမှ မကြိုက်ပါဘူး ခင်ဗျ။
No comments:
Post a Comment