Saturday, July 10, 2010

ထိရဲရင် ထိကြည့်

သွားဆရာဝန် ဆီသို့ လူနာ တစ်ဦး ရောက်လာလေသည်။
လူနာ။ ။``ဆရာ ကျွန်တော် သွားနှုတ်ချင်လို့ .. ဒါပေမယ့် ... အရမ်းနာမှာကို ကြောက်တယ်ဗျ..´´
ဆရာဝန်။ ။``ဟာ.. ဒီအတွက်တော့ မပူနဲ့ … ကျွန်တော့မှာ ရဲဆေးရှိတယ်ဗျ…´´ ဟုဆိုကာ ၀ီစကီ တစ်ခွက် တိုက်လိုက် လေသည်..
``ကဲ… ဘယ့်နဲ့လဲ.. ခင်ဗျားမှာ သတ္တိတွေရှိသွားပြီးမလား..´´
လူနာ။ ။ ``ဟုတ်ကဲ့… ကျွန်တော် သတ္တိတွေ ရှိသွားပြီဗျ….
ကျွန်တော်သွားကို ထိရဲတဲ့ကောင် ထိကြည့်စမ်း..´´

No comments:

Post a Comment