Tuesday, July 27, 2010

university.dtp: ဒါမှ အမတ်အစစ်
ရွေးကောက်ပွဲဝင်ပြိုင်ပြီးပြန်

လာသော ယောက်ျားကိုမိန်းမက မေးလိုက်သည်။

မိန်းမ။ ။မောင်ရေ အခြေအနေဘယ်လိုလဲ။
ယောက်ျား။ ။ အခြေအနေကတော့ တော်တော်ကိုကောင်းနေပြီ။

မိန်းမ။ ။ ရှင်ညာတာတော့ မဟုတ်ပါဘူးနော်။
ယောက်ျား။ ။ ဟိုမှာ တနေကုန် ညာပြီးပြီပဲ ဘာညာစရာ လိုတော့လို့လဲကွ။

ပုဇွန်မျက်လုံးပြူးရခြင်းအကြောင်းရင်း

ဆရာမ။ ။ ကလေးတို့ရေ။ ငါးဖယ်ဘာကြောင့် ပြားသလဲ သိကြလား။
ပီတာ။ ။ ဝေလငါးနဲ့အိပ်လို့ပါ။

ထိုအခါဆရာမက စိတ်ဆိုးပြီး ပီတာလေးကို အပြင်သို့ထွက်သွားခိုင်းလေသည်။ ထို့နောက် အတန်းကိုနောက်ထပ်မေးခွန်းတစ်ခု
မေးလေသည်။

ဆရာမ။ ။ ကလေးတို့ရေ။ ပုဇွန်ဘာကြောင့်မျက်လုံးပြူးသလဲ။

အတန်းတံခါးဝမှ ပီတာလေးက ထပ်ဖြေလိုက်ပြန်သည်။
ပီတာ။ ။ ဝေလငါးနဲ့ငါးဖယ်နဲ့အိပ်တာကိုတွေ့သွားလို့ပါ။

ဒီညတော့ အိပ်ရတော့မယ်

ခရီးသည်တင်လေယာဉ်တစ်စီးတွင် အလွန်ကို ထုံအလွန်းသော ချူချာနှစ်ယောက် လိုက်ပါလာသည်။

ထိုစဉ်လေယာဉ်မယ်က ‘လေယာဉ်အင်ဂျင်တစ်လုံး ပျက်သွားပါတယ်။ ဒါပေမယ့် ကျန်တဲ့သုံးလုံးနဲ့ ဆက်လက်ပြီး သွားနိုင်ပါတယ်။ ဒါပေမယ့် ခရီးစဉ်အဆုံးကို တစ်နာရီ
နောက်ကျပြီးမှ ရောက်ပါမယ်။ မစိုးရိမ်ကြပါနဲ့’ ဟု ကြေညာလေသည်။

နောက်နာရီဝက်ခန့်အကြာတွင် လေယာဉ်မယ်က ‘နောက်ထပ်အင်ဂျင်တစ်လုံး ပျက်သွားပြန်ပါတယ်။ ကျန်သေးတဲ့အင်ဂျင်နှစ်လုံးနဲ့ ဆက်လက်သွားနေပါတယ်။
ခရီးစဉ်အဆုံးကိုတော့ နောက်ထပ် သုံးနာရီကြာမှ ရောက်ပါမယ်။ မစိုးရိမ်ပါနဲ့’
ဟု ထပ်မံ ကြေညာလေသည်။

နောက်တစ်နာရီခန့် အကြာတွင် လေယာဉ်မယ်က ‘ကျန်တဲ့ အင်ဂျင်နှစ်လုံးပါ ပျက်စီးသွားပါပြီ’ ဟုကြေညာလေသည်။

ထိုအခါ ချူချာတစ်ယောက်က နောက်ထပ်ချူချာကို ပြောလိုက်ပုံက ‘သေချာပြီ။ အဲဒါဆို ဒီညတော့ လေယာဉ်ပျံပေါ်မှာပဲ အိပ်ရတော့မယ်’


ကျေးဇူးပါ

ကုမ္ပဏီပိုင်ရှင်တစ်ယောက်က ၃လ အတွင်း မန်နေဂျာရာထူးအထိရောက်ရှိလာသော လူငယ်တစ်ယောက်အား ခေါ်ယူကာ ချီးကျူးပြောဆိုလေသည်။

ပိုင်ရှင်။ ။ မင်းဟာ ဒီအလုပ်ကို လွန်ခဲ့တဲ့ ၃ လမှ စလုပ်တယ်။ ၂ ပတ်အတွင်းမှာပဲ
ရာထူးတက်တယ်။ နောက် ၁ လ အကြာမှာ လက်ထောက်မန်နေဂျာဖြစ်လာတယ်။ နောက် ၆ ပတ်
အကြာကြတော့ မင်း မန်နေဂျာရာထူးအထိ ရောက်လာတယ်။ မင်းတော်တော်ကြိုးစားတဲ့
သူငယ်ပဲ။ မင်းကိုပိုင်ဆိုင်ရတဲ့အတွက် ဂုဏ်ယူတယ်ကွာ။ ကဲ… ဘာပြောချင်သေးလဲ။

လူငယ်။ ။ ကျေးဇူးပါအဖေ။


နံရံတွေ ပြိုနေလို့

အရူးထောင်တွင် အရူးများ ထောင်ဖောက်ပြေးရန် တိတ်တဆိတ် အစည်းအဝေး လုပ်နေကြသည်။
နောက်ဆုံးတွင် ကြက်များကဲ့သို့ ပျံကာ ထောင်နံရံကို ကျော်ဖြတ်ကြမည်ဟု
ဆုံးဖြတ်လိုက်ကြပြီး ကြက်သားများများစားရန်လဲလိုအပ်ေ

ကြာင်း ဆုံးဖြတ်လိုက်ကြသည်။

ထို့နောက် ၃ လ အကြာအတွင် အရူးများ ပျံသန်းနိုင်လာကြသည်။ ထို့ကြောင့် ထောင်ဖောက်မပြေးခင် အရူးတစ်ယောက်ကို ကင်းထောက်အနေဖြင့်
ကြည့်ခိုင်းလိုက်သည်။ ကင်းထောက်အရူးမှာ စိတ်ပျက်လက်ပျက်ဖြင့် ပြန်လာသည်။

ကျန်အရူးများက အကြောင်းအရင်းကိုမေးသောအခါ
‘ငါတို့ထောင်ဖောက်ပြေးလို့မရတော့ဘူး။ ငါတို့ပျံပြီးကျော်ရမယ့် နံရံတွေပြိုနေပြီ’


ပိုတောင်ကောင်းသွားပါတယ်

တစ်နေ့တွင် စတာလင်စီးလာသောကားသည် မြင်းစီးလာသောလူတစ်ယောက်အား အရှိန်နှင့် တိုက်မိသေကြောင့် မြင်းရောလူပါ ပြုတ်ကျသွားပြီး ဒဏ်ရာအပြင်းအထန်
ရရှိသွားလေသည်။

ကားပေါ်မှ စတာလင်ဆင်းလာပြီး သေလုဆဲဆဲဖြစ်နေသော မြင်းအားသေနတ်နှင့်တေ့ကာ ပစ်သတ်လိုက်သည်။

ထို့နောက် မြင်းပိုင်ရှင်အား အခြေအနေကောင်းပါသလား မေးမြန်းရာ မြင်းပိုင်ရှင်မှာ ကမန်းကတန်း လူလဲထပြီး အဖြေပေးလိုက်လေသည်။

‘အဟဲ…ကောင်းပါတယ်။ တော်တော်ကို ကောင်းပါတယ်။ ကားနဲ့ အတိုက်မခံရခင်ထက်ကို ပိုကောင်းပါတယ်’


ကြိုက်ရာလမ်းရွေး

နိုင်ငံတော်အကြီးအကဲတစ်ယောက် နောက်ဆုံး အသက်ထွက်ခါနီးတွင် သူ၏ နေရာဆက်ခံမည့် လူကို မေးလေသည်။
‘ငါ့လူ ငါလဲသေတော့မယ် မင်းတိုင်းပြည်ကို ဆက်လက်ပြီးဘယ်လိုအုပ်စိုးမလဲ’

ထိုအခါ နိုင်ငံတော် အကြီးအကဲနေရာ ဆက်ခံမည့်သူက
‘ကျွန်တော့်နောက်ကို သူတို့လိုက်အောင် လုပ်မှာပေါ့’

နိုင်ငံတော်အကြီးအကဲက ထပ်မေးသည်။
‘မင်းနောက်ကို မလိုက်ရင် ဘယ်လိုလုပ်မလဲ’

နိုင်ငံတော်အကြီးအကဲနေရာ ဆက်ခံမည့်သူက
‘ကျွန်တော့်နောက် မလိုက်ရင် ခေါင်းဆောင်ကြီးနောက် လိုက်အောင် လုပ်မှာပေါ့’

မထူးပါဘူး. .

ငရဲ နှင့် နတ်ပြည်သို့သွားမည့် တံခါးပေါက်ရှေ့တွင်မိန်းမများ အားလုံးကို
သိကြားမင်းကစုရုံးစေသည် ။
“အားလုံး တန်းစီလိုက်ကြစမ်း ၊ ကိုင်း…ဟုတ်ပြီ ၊ကိုယ့်ယောကျာ်းကို
တစ်ကြိမ်လောက်ပဲဖြစ်ဖြစ် သစ္စာဖောက်ခဲ့တဲ့သူ ရှေ့တစ်လှမ်းတိုးလိုက်စမ်း”
မိန်းမအားလုံးလိုလို ရှေ့တိုးလိုက်ကြသည် ၊သစ္စာရှိသော မိန်းမတစ်ဦးသာ
နေရာမှမရွေ့ဘဲရပ်နေသည် ၊ သိကြားမင်း က အမိန့်ပေးသည်။
” အားလုံးကို ငရဲပြည်ပို့လိုက် ၊ ဟေ့… ဟို “ဆွံ့အနားမကြားမ” ကိုပါပို့လိုက် ”

အကြောင်းရင်း. .

“ပီတာ…မင်းဘာဖြစ်လို့ ကျောင်းနောက်ကျ ရတာလဲ”
“ကျွန်တော် ငါးသွားမျှားမလို့ဥစ္စာ ဖေဖေကခွင့်မပြုလို့ ”
“မင်းအဖေ မှန်တာပေါ့ ၊ ဒါနဲ့ဘာကြောင့် ကျောင်းမပျက်သင့်ဘူးလဲ
ဆိုတာကိုမင်းအဖေက ရှင်းပြတယ် မဟုတ်လား ”
“ဟင့်အင်း ၊ ရှိတဲ့ တီကောင်က တို့နှစ်ယောက်စာ မလောက်ဘူး လို့ပဲ ပြောပါတယ် ”

ဘာကောင်လဲ. .

ချာတိတ်. . .မင်းဘာဖြစ်လို့ ငိုနေရတာလဲကွ ”
“မေမေက ဖေဖေ့ကို ဆင်ရိုင်းကြီးလို့ပြောတယ်
ဖေဖေက မေမေ့ကို ကြက်မကြီးလို့ ပြန်ပြောတယ်”
“အဲဒါနဲ့ ငိုရရောလား ကလေးရဲ့”
“စဉ်းစားကြည့်လေ ၊ ကျွန်တော် ဘာကောင်ဖြစ်မလဲ ”

လိုချင်လို့. .

“ပီတာ….မင်းဘာဖြစ်လို့ ကျောင်းနောက်ကျရတာလဲ”
“မေမေ ပိုက်ဆံ တစ်ကျပ် ပျောက်သွားလို့”
“အဲဒါနဲ့ မင်းကျောင်းနောက်ကျတာနဲ့ ဘာဆိုင်လို့တုန်း”
“အဲဒီ တစ်ကျပ်တန် ပေါ်မှာ ကျွန်တော် ရပ်နေလို့ပါ

Tuesday, July 20, 2010

အီဖယ်မျှော်စင်

ဘောလုံးမင်းသား ဘက်ခမ်း၏ အငယ်ဆုံးသားငယ် ခရုဇ်မှာ သူ၏ ဘောင်းဘီဇစ်ကိုတပ်ရန် အမြဲမေ့လေ့ရှိသည်။ သို့နှင့် မိခင်ဖြစ်သူက သူစိမ်းများရှေ့တွင် သားဖြစ်သူသတိရစေရန် စကားဝှက်ဖြင့် သတိပေးရန် သင်ကြားထားသည်။
“အီဖယ်မျှော်စင်ကို ပိတ်ထားလိုက်” ဟု ဆိုလျှင် ဘောင်းဘီဇစ်ကိုတပ်ရန် စကားဝှက်ပြောထားခြင်းဖြစ်သည်။
တစ်နေ့ ဆွေမျိုးများ အိမ်သို့ အလည်အပတ်ရောက်လာသောအခါ ခရုဇ်က… “အန်တီ သားတို့ဆီဘာကြောင့်လာတာလဲဟင်”
“ဟေ ပြင်သစ်ကိုသွားပြီး အီဖယ်မျှော်စင်သွားပြီး ကြည့်မလို့လေ”

“ဟင် အီဖယ်မျှော်ုစင်ပိတ်ထားတယ်လေ”ဟူ ဘောင်းဘီဇစ်ကိုညွှန်ပြရင်း ခရုဇ်ကမေးလေရာ “သြော် အန်တီတို့သွားမှာက အီဖယ်မျော်စင်လေးမဟုတ်ဘူး။ မျှော်စင်အကြီးကြီးကို သွားကြည့်ကြမှာကွ”
“သြော် ဒါဆိုလည်း ဖေ့ဖေ့ကိုခေါ်ပေးမယ်နော်”

မင်းကြိုက်ရာကိုရွေး


ကျောင်းပြေးတဲ့ ကျောင်းသားတစ်ယောက်ကို ကျောင်းအုပ်ဆရာကြီးက သူ့ရုံးခန်းမှာ ခေါ်ယူပြီး စစ်ဆေးနေတယ်။
ဆရာကြီး။ ။ မင်းမနေ့က ကျောင်းပြေးပြီး ရေကူးနေတယ်ဆို…။
ကျောင်းသား။ ။ ဟုတ်ပါတယ်။
ဆရာကြီး။ ။ မင်းမှာ အပြစ်ရှိသလား..။
ကျောင်းသား။ ။ ရှိပါတယ်။

ဆရာကြီး ။ ။ အပြစ်ပေးရမယ်… ဒါပေမယ့် မင်းက ပထမဦးဆုံး အကြိမ်ဆိုတော့ ရွေးချယ်ခွင့်ပေးမယ်။ ထိုင်ထ အကြိမ် (၁၀၀)လုပ်ရမယ်။ ဒါမှမဟုတ်ရင် ကြိမ်ဒဏ် (၃)ချက်ရိုက်မယ်။ မင်းကြိုက်ရာကို ရွေးပေတော့…
ကျောင်းသား။ ။ ဘယ်ဟာမှ မကြိုက်ပါဘူး ခင်ဗျ။

အပြန်လမ်း


လက်ဝှေ့သမား နှစ်ယောက်ဟာ အ၀တ်အစားလဲခန်းကနေထွက်ပြီး စင်မြင့်ရှိရာ လျှောက်လာခဲ့ကြတယ်။ နည်းနည်းလှမ်းတော့ အတော်ကလေးကြာအေင် လျှောက်နေရတယ်။ ရှေ့ လျှောက်သွားနေတဲ့ လက်ဝှေ့သမားက…
“စင်မြင့်နဲ့ အ၀တ်လဲခန်းကလဲ အဝေးကြီးပါလား”လို့ အမှတ်မထင် ညည်းညူပြောဆိုလိုက်တယ်။ နောက်မှာရှိနေတဲ့ ပြိုင်ဘက်လက်ဝှေ့သမားက ကြားသွားတဲ့အခါမှာ…
--

“ပူမနေပါနဲ့ကွာ အပြန်မှာ မင်းလမ်းမလျှောက်ရတော့ ပါဘူး။ ထမ်းစင်နဲ့ တင်ခေါ်လာမှာပါ”

Saturday, July 10, 2010

ကံအကောင်းဆုံးနေ့....

ဂေါက်ကလပ်ရှိ အ၀တ်လဲခန်းအတွင်း တိုက်ဂါးဝုဒ်ထိုင်နေသည်။ ထိုစဉ် ဖုန်းမည်သံထွက်ပေါ်လာရာ အမျိုးသမီးတစ်ဦးက `ယောင်္ကျားရေ ကျမပါ။ ဂေါက်ကလပ်မှာလား။ ကျမလေ ဈေးကိုရောက်နေတာ။ လယ်သာကုတ်လေး လှလိုက်တာရှင် ဒေါ်လာ ၁၀၀၀-တဲ့။ ၀ယ်ရမလား´
`မင်းကြိုက်တယ်ဆိုဝယ်ပေါ့ကွာ´
`ပြီးတော့ ၂၀၀၂ မော်ဒယ် မာစီဒီးကားလေးကလည်း အရမ်းမိုက်တာ၊ ဒေါ်လာ ၆ သောင်းတဲ့´
`တန်သားပဲကွ၊ ၀ယ်ပေါ့´။

`ပြီးတော့လေ မနှစ်က ကျမတို့လိုချင်တဲ့ အိမ်ကလည်း အခုဈေးကျသွားပြီ။ ဒေါ်လာ ၅-သိန်းပဲရှိတော့တယ်´
`၀ယ်လေကွာ၊ ဒါပေမယ့် ဈေးတော့ဆစ်ဦး´
`အိုး ပျော်လိုက်တာ၊ ကျမအတွက် ကံအကောင်းဆုံးနေ့ပါပဲ´။
ဖုန်းပြန်ချပြီး ပြန်အထွက်တွင် တိုက်ဂါးဝုဒ်အား ဖီးလ်မက်ကင်ဆန်က မေးသည်။
`ဟေ့ ကျုပ်ဟမ်းဖုန်းတွေ့မိသေးလား´

ယူမိသည့် တာဝန်


“ အဝတ်အစားတွေကို လျှော်ဖို့ အမျိုးသမီးလေး တစ်ယောက်ကို ခင်ဗျား ငှားထားတယ် မဟုတ်လား။ ဘာ့ကြောင့် ကိုယ်တိုင် လျှော်နေရတာလဲ ဗျာ။ ” ဟု အသိတစ်ယောက်က မေးသည်..။
ထိုအခါ မေးခံရသည့် ယောင်္ကျားက မသာမယာ မျက်နှာဖြင့်.....“ သူ့ကို ကျွန်တော် ယူလိုက်ပြီ လေဗျာ ” ဟု ဖြေလေသည်။ သြော်...ယူမိသည့် တာဝန်များနော်............ ...

သူခိုးနှင့် ချာတိတ်


သူခိုး တစ်ယောက်သည် အိမ်ခန်းတစ်ခန်းထဲသို့ သော့တူနှင့် ဖွင့်ပြီး ဝင်လာသည်။ လေးနှစ် အရွယ်ရှိ ချာတိတ် တစ်ယောက်ကို မထင်မှတ်ဘဲ တွေ့လေသည်။
“ ဟေ့ ချာတိတ် ...မင်းအဖေနဲ့ အမေ အိမ်မှာ ရှိလား ”
“ မရှိဘူး ” ချာတိတ်လေး ဖြေပြီး တစိမ်းကို ယုံကြည်သည့် မျက်လုံးများဖြင့် ကြည့်သည်။ “ အဲဒါဆို ရေ တစ်ခွက်လောက် ယူခဲ့ ပေးပါ့လားကွာ ” ဤသို့ ပြောပြီး သူခိုးက တွေးသည်၊ ချာတိတ်လေး ရေသွားယူနေတုန်း၊ အဝတ် ဘီဒိုကို ဖွင့်ပြီး လိုချင်တာ ယူလိုက် မည်ဟု တွေးသည်။ သို့သော် ဘီဒို ဖွင့်ရုံသာ ရှိသေးသည် ချာတိတ်လေး ပြန်ရောက်လာပြီး ရေခွက်ကို လှမ်းပေး လိုက်သည်။ ဘာမှ မတတ်နိုင် ရေခွက်ထဲက ရေကို သောက်ချလိုက်ရသည်။ “ နောက်ထပ် တစ်ခွက်လောက် ခပ်ပေးပါဦးကွာ ” ဘီဒို ထဲမှ သိုးမွှေးအင်္ကျီကို ထည့်ရရုံ ရှိသေး ချာတိတ်လေး ပြန်ရောက်လာပြီး ရေခွက်ကို ကမ်းပေးသည်။ စတုတ္ထ အကြိမ်မြောက် ရေနောက်တစ်ခွက်
ယူရန် ပြောသော အခါ ချာတိတ်လေးက ပြန်ဖြေသည်။ “ ဦးလေးကြီး ကျွန်တော် မယူလာနိုင်တော့ဘူး..... ရေပိုက်ခေါင်းကို
ကျွန်တော် လက်နဲ့ မမှီဘူး၊ အိမ်သာထဲက ရေကလည်း ကုန်နေပြီ ခင်ဗျ ”

ထိရဲရင် ထိကြည့်

သွားဆရာဝန် ဆီသို့ လူနာ တစ်ဦး ရောက်လာလေသည်။
လူနာ။ ။``ဆရာ ကျွန်တော် သွားနှုတ်ချင်လို့ .. ဒါပေမယ့် ... အရမ်းနာမှာကို ကြောက်တယ်ဗျ..´´
ဆရာဝန်။ ။``ဟာ.. ဒီအတွက်တော့ မပူနဲ့ … ကျွန်တော့မှာ ရဲဆေးရှိတယ်ဗျ…´´ ဟုဆိုကာ ၀ီစကီ တစ်ခွက် တိုက်လိုက် လေသည်..
``ကဲ… ဘယ့်နဲ့လဲ.. ခင်ဗျားမှာ သတ္တိတွေရှိသွားပြီးမလား..´´
လူနာ။ ။ ``ဟုတ်ကဲ့… ကျွန်တော် သတ္တိတွေ ရှိသွားပြီဗျ….
ကျွန်တော်သွားကို ထိရဲတဲ့ကောင် ထိကြည့်စမ်း..´´

Friday, July 9, 2010

ဖြစ်ရမယ်…

ဧည့်ခံပွဲတစ်ခု၌ ချောမောလှပသည့် သမီးငယ်နှင့်အတူ ထိုင်နေသည့် ဖခင်ဖြစ်သူထံ အမျိုးသားတစ်ဦးရောက်ရှိလာပြီး မိတ်ဆက်စကားဆိုလေသည်-

အမျိုးသား။ ။ မင်္ဂလာပါ… ကျနော့်နာမည် စမစ်ပါ။
ဖခင်။ ။ ဟုတ်ကဲ့။
အမျိုးသား။ ။ ကျနော်က ရုပ်ရှင်ဒါရိုက်တာ တစ်ဦးပါပဲ။
ဖခင်။ ။ သြော်… ကောင်းတာပေါ့။
အမျိုးသား။ ။ တစ်ခုလောက် ခွင့်တောင်းချင်ပါတယ်။
ဖခင်။ ။ ပြောပါ။
အမျိုးသား။ ။ အန်ကယ်ရဲ့ သမီးကို ရုပ်ရှင်မင်းသမီးအဖြစ် ရိုက်ကူးချင်လို့ပါ။
ဖခင်။ ။ သြော်…။
အမျိုးသား။ ။ အဲဒါ… ခွင့်ပြုပေးနိုင်မလား။
ဖခင်။ ။ အင်း… ရပါတယ်… ဒါပေမယ့်။
အမျိုးသား။ ။ ဘာဖြစ်လဲခင်ဗျ… ကျနော်သရုပ်ဆောင်ခ ထိုက်ထိုက်တန်တန်ပေးမှာပါ။
ဖခင်။ ။ ဒီလိုကွဲ့… ဒါက အန်ကယ့်သားပါ။ မိန်းမစိတ်ပေါက်နေလို့။
အမျိုးသား။ ။ `ဗျာ´

ဒီအတိုင်းပဲ ကောင်းပါတယ်

မျက်စိအထူးကု ဆရာဝန်ကြီးတစ်ဦးသည် လမ်း၌ စမ်းတ၀ါးဝါးဖြင့် လမ်းလျှောက်နေသည့် အမျိုးသမီးကြီးတစ်ဦးကိုတွေ့၍ မေးမြန်းလေသည်-

ဆရာဝန်ကြီး။ ။ အဒေါ့်မျက်လုံးတွေက မမြင်ရဘူးလား။

အမျိုးသမီးကြီး။ ။ ဟုတ်ကဲ့။
ဆရာဝန်ကြီး။ ။ ကျနော်က မျက်စိအထူးကုဆရာဝန်တစ်ဦးပါ။
အမျိုးသမီးကြီး။ ။ ဟုတ်ကဲ့။
ဆရာဝန်ကြီး။ ။ အဒေါ့်မျက်လုံးတွေ ပြန်မြင်ရအောင် ကုသပေးပါ့မယ်။
အမျိုးသမီးကြီး။ ။ ရှိပါစေတော့ကွယ်။
ဆရာဝန်ကြီး။ ။ ငွေကြေးမယူဘဲ အခမဲ့စေတနာနဲ့ ကုသပေးမှာပါ။
အမျိုးသမီးကြီး။ ။ ရှိပါစေကွယ်…။ ဒီအတိုင်းပဲကောင်းပါတယ်။
ဆရာဝန်ကြီး။ ။ ဘာဖြစ်လို့လဲ အဒေါ်။
အမျိုးသမီးကြီး။ ။ ဒီအတိုင်းက ငွေကြေးအလှူခံလို့ ပိုကောင်းလို့ပါ။
ဆရာဝန်ကြီး။ ။ `ဗျာ´

ငါသိပါတယ်ကွာ…

တစ်ခါက ရွာတစ်ရွာ၌ ငွေကြေးပြည့်စုံပြီး စာမ တတ်သော လယ်ပိုင်ရှင်သူဌေးကြီးတစ်ဦးရှိလေသည်။ သူဌေးကြီးထံသို့ လူတစ်ယောက် က တပည့်ဖြစ်သူ မောင်ဘအား နွားငှားရန် စာရေးသား၍ စေလွှတ်လိုက်သည်။

မောင်ဘ။ ။ သူဌေးကြီးထံ ရေးပေးလိုက်သောစာကို ပေးလိုက်သည်။
သူဌေးကြီး။ ။ စာကို အမြန်ဆွဲယူပြီး ပြုံးပြုံးကြီးလုပ်ကာ စာဖတ်တတ်ယောင်ယောင် ခေါင်းတညိတ်ညိတ် လုပ်နေသည်။
မောင်ဘ။ ။ သူဌေးကြီး ဘာရေးထားတာလဲ ခင်ဗျာ။
သူဌေးကြီး ။ ။ငါသိပါတယ်ကွာ၊ ငါ့ကိုလာလည်ဖို့ ဖိတ်တာလေ။
မောင်ဘ။ ။ ``အန်´´

ပြန်တက်လာမယ်…

စိတ်ရောဂါဖြစ်နေသော အစ်ကိုဖြစ်သူကို ညီဖြစ်သူက နိုင်ငံခြားသို့ သွားရောက်ကုသရန် လေယာဉ်ဖြင့် ခေါ်လာသည်။
ညီငယ်။ ။ ကဲ - အစ်ကို လေယာဉ်ပေါ်မှာ အိပ်ပြီးသာ လိုက်ခဲ့နော်။
အစ်ကို။ ။ အေးပါ
ညီငယ်။ ။ ဟိုးအောက်ကိုကြည့်စမ်း၊ ပင်လယ်ကြီးကိုတွေ့လား။
အစ်ကို။ ။ အေး- တွေ့တယ် အကျယ်ကြီးပဲ။
ညီငယ်။ ။ ကဲ- အစ်ကို အိပ်တော့။ ကျနော်လဲ အိပ်လိုက်ဦးမယ်။

အတန်ကြာသော် အိပ်ပျော်နေရာမှ နိုးလာသော ညီဖြစ်သူမှာ အစ်ကိုအားရှာမတွေ့ဖြစ်နေသည်။ ဟိုဟိုဒီဒီ လိုက်ရှာသောအခါ ထိုင်ခုံတစ်ခုပေါ်၌ အစ်ကိုဖြစ်သူရေးထားသောစာကို တွေ့၍ ဖတ်ကြည့်လိုက်ရာ…
အစ်ကို။ ။ ညီလေး… မင်းပြတဲ့ပင်လယ်ကိုမြင်ရတော့ ရေကူးချင်လို့ အစ်ကိုရေဆင်းကူးတယ်။ ခဏနေရင် ပြန်တက်လာမယ်။ စိတ်မပူပါနဲ့။
ညီငယ်။ ။ `ဟိုက်´

Friday, July 2, 2010

ငါသည် မရှိ

**စီဒီရွမ်… တချပ်ထဲနဲ့
ပိဋကတ်သုံးပုံ နှုတ်ငုံဆောင်ထားနိုင်တယ်။

**ခလုတ်နှိပ်ရုံနဲ့
အတိတ်တွေ ရှေ့မှောက် ရောက်
ပစ္စုပ္ပန်နဲ့ လမ်းဆက်လျှောက်နိုင်တယ်။

**ကမ္ဘာကြီးဟာ ကျဉ်း
ဝန်ဆောင်မှုလဲ ကျဉ်း
ပညာစွယ်စုံကျမ်းတွေလဲ ကျဉ်း
အမြင်ကျဉ်းမှာကိုပဲ စိုးရတယ်။

**လက်ခုပ်တွင်းက ရေဟာ
ဧရာဝတီ ဖြစ်လာ
မဟာသမုဒ္ဒရာ တိုင်ချင်တိုင်စေတော့
သေးငယ်လေလေ ပါပဲကွယ်…။ ။