အောင်ပန်းဆွတ်ဖို့ ငါလာတယ်
တောင်တလုံးပြီး တလုံး
အမှောင် ဖုံးပြီး ရင်း ဖုံး
အပြုံးမပျက် ကျော်လို့တက်
မနက်လင်းရင် စခန်းရောက်မှ သေချာတယ်။
လူသားရဲ့ အစွမ်း
ဘယ်တော့မှ မကုန်ခမ်းနိုင်ဘူး
မမှန်းဆနိုင်တဲ့ နေရာက
အတွေး အဆတွေ လာတယ်။
လေထဲမှာ ဝှေ့ယမ်းနေတာက
အောင်ပန်းတွေ မဟုတ်လား။
ဘ၀ရဲ့ တောင်တန်းအထွတ်မှာ
အောင်ပန်းဆွတ်ဖို့ ငါတက်ခဲ့တယ်။
အရှုံးပေးတတ်တဲ့ စိတ်ညံ့
ကြောက်လန့်ပြီး ထွက်ပြေးတတ်တဲ့စိတ်ပျော့
ပေါ့ပေါ့တွေးတတ်တဲ့ စိတ်လေပွေ
အခြေမဲ့ အနေမဲ့ အဖြေမဲ့ ပုစ္ဆာ
ငါ့အဘိဓာန်မှာ ဘယ်အခါမှ မရှိ။
No comments:
Post a Comment