Saturday, May 22, 2010

သီတဂူ ဆရာတော် သီရိလင်္ကာမြန်မာကျောင်းတွင် စာသင်သားသံဃာတို့ အား သြ၀ါဒပေးနေပုံဖြစ်ပါသည်။

သီတဂူ ဆရာတော်သည် မြန်မာပြည်နှင့်တကွ အားလုံးကိုစွန့်ခွါကာ သီရိလင်္ကာသို့ပညာသင်ကြားနေကြသော သံဃာတော် စာသင်သားတို့အား လွန်စွာ အဖိုးထိုက်တန်သော သြ၀ါဒစကားမြွက်ကြားခဲ့ပါသည်။ ဆရာတော်သည် သူ၏များစွာသော အတွေ့အကြုံ အတွေးအမြင်တို့ကို ကျွန်ုပ်တို့အား မျှဝေပေးခဲ့ပါသည်။ သာသနာပြုရဟန်းတော်တို့မှာ ရှိသင့်ရှိထိုက်သော ရည်ရွယ်ချက် အမြဲတမ်းကျင့်သုံးနေရမည့် တရား လုပ်ဆောင်ရမည့်အလုပ်တို့ကို ရင်းရင်းနှီးနှီး ပြောဆိုမိန့်ကြားခဲ့ပါသည်။ ရည်ရွယ်ချက်တွေ မှုန်မှုန်၊ မပြည့်စုံခြင်းတို့အတွက် အားငယ်နေသူ ကျွန်ုပ်အဖို့ အလွန်အားကောင်းသော အားဆေးပမာ ဆရာတော်ကြီး၏ သြ၀ါဒတို့က လန်းဆန်းစေခဲ့ပါသည်။

No comments:

Post a Comment