Thursday, May 27, 2010

ဘီလ်ဂိတ်ပြောတဲ့ ဘဝ (၁၁) ခု



ဘွဲ့နှင်းသဘင်တစ်ခုမှာ ဘွဲ့ရကျောင်းသားတွေအတွက် ဘီလ်ကိတ်က
ဒီလိုအကြံဥာဏ်ပေး ဟောပြောခဲ့ပါတယ်။

၁) လူ့ဘဝက မမျှတဘူး။ ဒါကို လက်ခံနိုင်အောင် ကြိုးစားပါ။

၂) ဒီလောကက ကိုယ့်လေးစားကြည်ညိုမှုကို အသိအမှတ်ပြုမှာ မဟုတ်ဘူး။
အကျိုးသက်ရောက်မှုကို အရင်လုပ် ပြီးမှ ကိုယ့်ရဲ့ခံစားချက်ကို ဆန်းစစ်ဖို့
လောကကြီးက ပိုမျှော်လင့်တယ်။

၃) ကျောင်းကနေခွါတာနဲ့ လခကောင်းမရနိုင်ဘူး။ ချက်ချင်း
ဟမ်းဖုန်းချိတ်ထားတဲ့ ကွပ်ကဲသူ မဖြစ်နိုင်ဘူး။
နှစ်ခုစလုံးအတွက် ကြိုးပမ်းအားထုတ်မှ ရနိုင်တယ်။

၎) ကျောင်းက ဆရာတွေကို ဆိုးတယ်လို့ ခင်ဗျားတို့ထင်ခဲ့ရင်

တစ်နေ့ခင်ဗျားတို့ ကုမ္ပဏီသူဌေးတွေ ဖြစ်လာတဲ့အချိန်ကျရင် သိလိမ့်မယ်။
သူဌေးတွေက အလုပ်ကို အကြွေးမထားဘူး။

၅) ဟမ်ဘာဂါဆိုင်မှာ အလုပ်လုပ်လို့ ကိုယ့်ကို အသုံးမကျဘူးလို့ မထင်နဲ့။
ခင်ဗျား ဘိုးဘွားတွေက ဟမ်ဘာဂါအလုပ်အတွက် အဓိပ္ပါယ်တစ်ခု ဖွင့်လိုက်မယ်။
အဲဒါက "အခွင့်အရေး" တဲ့။

၆) ခင်ဗျား ဘာမှဖြစ်မလာတာ ခင်ဗျားမိဘတွေရဲ့ အမှားမဟုတ်ဘူး။ ဒါကြောင့်
ကိုယ်လုပ်တဲ့ အမှားအတွက် ဒေါသထွက်မနေနဲ့။ အမှားထဲက သင်ယူပါ။

၇) ခင်ဗျားမမွေးဖွားခင် ခင်ဗျားမိဘတွေက အခုလိုထိုင်းမှိုင်းနေတာ မဟုတ်ဘူး။

သူတို့ အခုလို ထိုင်းမှိုင်းရတာက ခင်ဗျားအသုံးစရိတ်အတွက် ရှာနေလို့၊
ခင်ဗျားရဲ့ အဝတ်တွေ လျှော်ရလို့၊ ကိုယ့်ကိုယ်ကိုတော်ကြောင်း အပြောကြီးတဲ့
ခင်ဗျားရဲ့စကားကို နားထောင်နေရလို့ဖြစ်တယ်။
ဒါကြောင့် ခင်ဗျားမိဘတို့ခေတ်က ဖျက်ဆီးခဲ့တဲ့ အပူပိုင်းဇုံသစ်တောကို
ခင်ဗျား ပြုပြင်ကယ်တင်ဖို့ မကြိုးစားခင် ခင်ဗျားရဲ့ အိပ်ရာကို
အရင်သန့်ရှင်းလိုက်ပါ။

၈) ကျောင်းမှာ နိုင်သူနဲ့ ရှုံးသူဆိုတာရှိတယ်။ ဘဝမှာ မရှိဘူး။ ကျောင်းက
ခင်ဗျားကို အခွင့်အရေး မပြတ်ပေးပြီး အဖြေမှန်ရဖို့ ရှာခိုင်းလိမ့်မယ်။
တကယ့်လက်တွေ့ဘဝမှာတော့ ဒီလိုမရှိဘူး။

၉) တီဗွီထဲ သရုပ်ဆောင်တာတွေက တကယ့်ဘဝတွေ မဟုတ်ဘူး။ တကယ့်ဘဝက လူတိုင်း
ကော်ဖီဆိုင်ကို ကျောခိုင်းပြီး အလုပ်ထဲ ဝင်ရတာချည်းပဲ။

၁ဝ) စာဂျပိုးတွေကို တလေးတစား ဆက်ဆံပါ။ တစ်ချိန်ချိန် သူတို့ထဲက

တစ်ယောက်ဆီမှာ ခင်ဗျား အလုပ်လုပ်ဖြစ်လိမ့်မယ်။

၁၁) လူ့ဘဝမှာ သင်ကြားချိန်ကာလ မသတ်မှတ်ဘူး။ ပိတ်ရက်မရှိဘူး။
ဘယ်အလုပ်ရှင်ကမှ ခင်ဗျားလုပ်ချင်တာကို ညှိနှိုင်းပေးမှာမဟုတ်ဘူး။
ဒါကြောင့် ကိုယ့်အားလပ်ချိန်ကို အသုံးပြုပါ။

Wednesday, May 26, 2010

သာသနာတော် (တကယ်) ထွန်းကားပြန့်ပွါးလိုလျှင်

မြန်မာပြည် ရဟန်းသံဃာတော် ပညာရေးမူအတိုင်း ပထမကြီးတန်းအောင်လို့ သာသနာ့တက္ကသိုလ် ၀င်ခွင့်ဖြေဆိုကာ သာသနာ့တက္ကသိုလ်မှာ ပညာသင်ခွင့်ရပြီး သာသနတက္ကသီလဓမ္မာစရိယဘွဲ့ ရတယ်။ အဲ့တက္ကသိုလ်မှာပဲ မဟာတန်းတက်ခွင့်ရလို့ ဆက်တက်ဖြစ်တယ်။ (၂) နှစ်ဆက်တက်ပြီး ကျမ်းပြုတယ်။ တချိန်တည်းမှာပဲ အစိုရကကျင်းပတဲ့ ဓမ္မာစရိယစာမေးပွဲဝင်ဖြေတာ သာသနဓဇဓမ္မာစရိယဘွဲ့ ရတယ်။ ဒီတော့ မြန်မာပြည် ရဟန်းသံဃာတော်တွေရဲ့ ပညာရေးကို လုံးစိပါဌ်စိမသိတောင် အတော်အသင့် နားလည်ခဲ့တယ် လို့ ပြောလို့ရတယ်။

မြန်မာပြည် ရဟန်းသံဃာတော်တွေရဲ့ ပညာရေးစနစ်မှာ (အကြမ်းဖျင်းအားဖြင့်) ပထမငယ်တန်း၊ ပထမလတ်တန်း၊ ပထမကြီးတန်း၊ ဓမ္မာစရိယတန်း ဆိုပြီး အတန်း (၄) တန်းပဲ ရှိတယ်။ အတန်းက သာ (၄) တန်းပဲ ရှိတာ။ စာသင်သားရဟန်းသံဃာတော်အများစုဟာ (၁၀) နှစ်လောက်ကြာအောင် သင်ယူရတယ်။ ဒီအတန်း (၄) တန်းကို (၄) နှစ်နဲ့ အောင်မြင်ဘို့ မလွယ်ပါဘူး။ ၄ နှစ်နဲ့ အောင်သွားတဲ့ရဟန်းတော် မရှိသလောက် ရှားပါတယ်။ ရဟန်းသံဃာတော်အများစု ၁၀ - နှစ်လောက်ကြာအောင် သင်ယူရနေတဲ့ ဒီအတန်း (၄) တန်းကို ဘာလို့များ အတန်းတိုးပြီး မထားနိုင်ရတာလဲ။ ဘာလို့များ အတန်း (၄) တန်းထဲ သတ်မှတ်ထားရတာလဲ။ မေးခွန်းထုတ်စရာပါ။ ဒီကိစ္စ ၀ိုင်းဝန်းစဉ်းစားပေးရမှာပါ။

နောက်တစ်ချက်က ရဟန်းသံဃာတော်များပညာရေး ပြဌာန်းစာမှာ ပါဠိဘာသာ (Language) နဲ့ ဗုဒ္ဓဘာသာ (Subject) ရောထွေးနေတယ်။ ရောရောထွေးထွေး သင်ပေး သင်ယူနေရတာ ပြဿနာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ သင်ပေးနေတဲ့ စာချဆရာတော်အများစုက ပါဠိဘာသာပိုင်း (Language) နဲ့ ဗုဒ္ဓဘာသာအကြောင်းအရာပိုင်း (Subject) ကို ဓမ္မာစရိယတန်းရောက်တဲ့အထိ ခွဲခွဲခြားခြား ပြောမပြဘူး။ သင်မပေးဘူး။ ဗုဒ္ဓဘာသာအကြောင်းအရာပိုင်းသင်ကြားပေးမှု အားနည်းတယ်လို့ ပြောမယ်ဆို ပိုမှန်နိုင်တယ်။ ဗုဒ္ဓအကြောင်း၊ ကံ ကံ၏အကျိုး၊ ဗုဒ္ဓဘာသာရဲ့ လူမှုရေး၊ နိုင်ငံရေး၊ စီးပွါးရေးအမြင် စသည်၊ နိဗ္ဗာန်သို့ရောက်ကြောင်းကျင့်စဉ် လမ်းစဉ်စတဲ့ အကြောင်းအရာတွေကို နည်းနည်းလေးမှ ပြဌာန်း စာထဲမှာ မတွေ့ရဘူး။ အကျိုးဆက်က ဘာဖြစ်လာသလဲဆိုတော့ စာတတ်လူမိုက် (ပညာတတ်လူမိုက်) တွေဖြစ်လာတယ်။ ဒီထက်ဝမ်းနည်းစရာကောင်းတာက ဓမ္မာစရိယတန်းအောင်ပြီးသားဦးဇင်းတွေ ဓမ္မာစရိယတန်းမှာ သင်ရတဲ့ သာမညဖလသုတ်၊ အမ္ဗဋ္ဌသုတ်အကြောင်းတွေကို မပြောပြတတ်တာပဲ။

နောက်ပြီး ရဟန်းသံဃာတော်များပညာရေး ပြဌာန်းစာမှာ ဗုဒ္ဓဘာသာနဲ့ ပတ်သက်တဲ့သမိုင်း၊ ဗုဒ္ဓဘာသာသမိုင်း၊ ဗုဒ္ဓစာပေသမိုင်းပညာရပ်တွေ ထည့်မထားဘူး။ ဒီဘာသာရပ်ဟာ ရဟန်းတော်တိုင်း သိသင့်တဲ့ ဘာသာရပ်ဖြစ်တယ်။ ကိုယ်ဖတ်နေတဲ့ သင်ကြားနေတဲ့ အဋ္ဌကထာစာအုပ် (သို့) ဋီ့ကာစာအုပ်ကို ဘယ်ခေတ်က၊ ဘယ်ရာစုက၊ ဘယ်ခုနစ်ခန့်က ဘယ်ပုဂ္ဂိုလ်က ဘယ်ဆရာတော်နဲ့ ခေတ်ပြိုင် ဆရာတော်က ရေးခဲ့တယ်ဆိုတာ သိသင့်တာပေါ့။

ဥပမာ၊ ပုဂံခေတ်က သာသနာရေးအခြေအနေ၊ အင်းဝခေတ်သာသနာရေး အတက်အကျ၊ ဘာ့ကြောင့် သာသနာအားနည်းသွားရတယ် စတဲ့အကြောင်းအရာတွေကို သာသနာပြုရဟန်းတော် တွေ သိကို သိရပါမယ်။ ဒါမှသာ သာသနာပြုရာမှာ ခရီးရောက်ပါမယ်။

သီရိလင်္ကာနိုင်ငံမှာ ပညာသင်တုန်းက ကုလားကိုရင်လေးတစ်ပါးနဲ့ စကားပြောဘူးတယ်။ သူတို့ ဗုဒ္ဓဘာသာသမိုင်းသင်ရကြောင်း၊ သမိုင်းထဲမှာ မြန်မာနိုင်ငံက ရွှေတိဂုံစေတီတော်ကြီးအကြောင်း လည်းပါကြောင်း၊ ရွှေတိဂုံစေတီတော်ကြီးအကြောင်းထဲမှာ တပုဿနဲ့ ဘလ္လိကကုန်သည်ညီနောင် တို့ပါကြောင်း၊ သူတို့ဟာ မြန်မာနိုင်ငံသားများဖြစ်ကြောင်း၊ ကုန်ရောင်းဝယ်ရင်း ဘုရားရှင်နဲ့တွေ့ရာ သူတို့နှစ်ဦးဟာ အဦးဆုံး သရဏဂုံနှစ်ပါးဆောက်တည်သူများဖြစ်ကြောင်း၊ သူက ပြောပြတယ်။
သူ ဆက်မေးတယ်။ ဒီလို အဦးဆုံး သရဏဂုံဆောက်တည်ရမှာ ဘယ်ဘာသာစကားနဲ့ ဆောက်တည်တာလဲ၊ ပါဠိဘာသာစကားနဲ့လား၊ မြန်မာဘာသာစကားနဲ့လားတဲ့။
သမိုင်းကို သင်တော့ သမိုင်းထဲက အကြောင်းအရာတွေကို စူးစမ်းတတ်တဲ့ ဒီသီဟိုဠ်ကိုရင်လေးကို ချီးကျူးရမှာပါ။ သမိုင်းစာအုပ်တွေကပြောပြတာတွေ သင်ယူရတာတွေကို သီရိလင်္ကာကိုရင်လေး က စူးစမ်းတဲ့သဘောလေးပါ။ မြန်မာကိုရင်၊ ဦးဇင်းများလည်း ဒီလို စူးစမ်းမှုလေးတွေနဲ့ အမှန်တရားကို ရင်ဝယ်ပိုက်နိုင်အောင် ဗုဒ္ဓဘာသာသမိုင်းကို အတန်းတိုင်းမှာ ထည့်သွင်း သင်ကြားပေးဘို့ လိုအပ်ပါတယ်။

နောက်ပြီး မြန်မာနိုင်ငံ ရဟန်းသံဃာတော်များပညာရေးအားနည်းချက်တစ်ခုက စာသင်သား တပည့်တွေ မရှင်းလင်းတာကို မေးခွင့် ပေးမထားဘူး။ စာချချိန်ပြည့်ရင် စာချဘုန်းကြီးက “ကဲ၊ တော်ပြီ” လောက်ပြောပြီး စာအုပ်ပိတ်၊ သူ့အခန်းထဲ ၀င်သွားတော့တာပဲ။ စာသင်သား နားလည်လည် မလည်လည် သူနဲ့ မဆိုင်သလိုဘဲ။ တကယ်တော့ စာချချိန် တစ်နာရီဆိုရင် တစ်နာရီအပြည့်မချဘဲ မိနစ် (၅၀) လောက်သာ ပို့ချသင့်ပါတယ်။ ကျန်တဲ့ (၁၀) မိနစ်ကို စာသင်သားတွေ မရှင်းတာမေးဘို့ ချန်ထားသင့်တယ်။ ဒီလိုအလေ့အထမရှိတော့ မြန်မာပြည်မှာ စာသင်ပြီး ဓမ္မာစရိယဘွဲ့တွေသာ ရတယ်။ စာပေနဲ့ပတ်သက်တဲ့ အတွေးအခေါ် အယူအဆ တိုးတက်မှု နည်းပါးတာကို တွေ့ရတယ်။
မြန်မာပြည် ရဟန်းသံဃာတော်များစာသင်နည်းစနစ်က ဗုဒ္ဓစာပေဆိုင်ရာမှာ လွတ်လွတ်လပ်လပ် တွေးခေါ်ခွင့် ပေးမထားဘူး။ မြန်မာပြည် ဘုန်းကြီးကျောင်းပညာရေးစနစ်က ရှေ့ကဆို နောက်ကလိုက်ရေးရတဲ့ (ကြက်တူရွေး) ပညာရေးစနစ်ဖြစ်န်ေတယ်။ ဒါကို ဒီလိုမှတ်၊ ဒီလိုဖြေနဲ့ ပီးတော့တာပဲ။ စာသင်သားတွေရဲ့ သံသယဆူးညောင့်တွေကို နှုတ်မပေးကြဘူး။ ဆရာကဆို တပည့်က နောက်က လိုက်ရေးရတဲ့ ပညာရေးစနစ်ကြားမှာ ကိုယ်သံသယရှိတာ မရှင်းတာကို ထမမေးရဲဘူး။ မရှင်းတာမေးရင် ဆရာသမားတွေကို မရိုသေရာရောက်တယ်၊ ဘုကန့်လန့်လုပ် တယ်လို့ အယူရှိတဲ့ စာချဆရာတော်တွေထံမှောက်မှာ ဗုဒ္ဓဘာသာနဲ့ဆက်စပ်တဲ့သံသယတွေကို (အောင့်အီး) မြိုချရင်း ဘွဲ့လက်မှတ်ကြီးတွေကို ရခဲ့တယ်။

နောက်ဆုံး အရေးအကြီးဆုံးအချက်က မြန်မာရဟန်းတော်များ အင်္ဂလိပ်ဘာသာ အရေး အဖတ် အပြော တတ်မြောက်ထားဘို့ပါပဲ။ သိကြပြီးဖြစ်တဲ့အတိုင်း အင်္ဂလိပ်စာ မတတ်ရင် အသေးအဖွဲ ကိစ္စလေးတွေမှာကို အဆင်ပြေဘို့ မလွယ်ဘူး။ တချို့ နိုင်ငံခြားကို အလည်လာတဲ့ ဆရာတော်ကြီးများလည်း ဒီအင်္ဂလိပ်စာမတတ်လို့ ဒုက္ခရောက်ပုံတွေ အမျိုးမျိုးကြားနေရတယ်။
ဟိုတလောဆီက အတော်အသင့်နာမည်ရတဲ့ အင်္ဂလိပ်စာမတတ်တဲ့ ဓမ္မကထိကဆရာတော်တစ်ပါး အင်္ဂလိပ်စာတတ်တဲ့ သူ့တပည့်ဦးဇင်းလေး အကူအညီနဲ့ ဂျပန်နိုင်ငံကအလည်သွားတယ်တဲ့။ ဂျပန်ရောက်လို့ ရက်အနည်းငယ်ကြာတော့ ဆရာတော်နဲ့ ဦးဇင်းလေး ဘာအစာမကြေဖြစ်တယ် မသိဘူး။ ဦးဇင်းလေးက ဆရာတော့်ကို မြို့လည်ခေါင် ရထားဘူတာရုံနားမှာ ပစ်ထားခဲ့တယ်။ ဆရာတော်က မြန်မာစကားက လွဲလို့ ဘာစကားမှ မပြောတတ်တော့ သူများနိုင်ငံမှာ အခက်တွေ့ တော့တာပေါ့။ နောက်ဆုံး ဘာမှ ကြံရာမရတော့ ရထားဘူတာက ထွက်လာတဲ့ လူအုပ်ကြီးဘက်ကို လှည့်ပြီး “မြန်မာများ ပါကြပါသလားခင်ဗျား၊ မြန်မာများ ပါကြပါသလားခင်ဗျား” လို့ တစ်နေကုန် အော်နေရသတဲ့။

မြန်မာစာသင်သားရဟန်း၊ သာမဏေများ အင်္ဂလိပ်စာသင်ကြားရေးနဲ့ပတ်သက်ပြီး ထင်ရှားတဲ့ ဆရာတော်တစ်ပါးရဲ့ အမြင်ကို ၂၀၁၀၊ ဧပြီလထုတ် အပ္ပမာဒမဂ္ဂဇင်းမှာ တွေ့လိုက်ရတယ်။ သာမန်စာသင်တိုကဆရာတော်တစ်ပါးက ဒီထင်ရှားတဲ့ဆရာတော်ထံသွားပြီး အင်္ဂလိပ်စာကို အခြေခံတန်းတွေမှာ ထည့်သွင်းသင်ကြားပေးလိုကြောင်း၊ သင့်မသင့် အကြံတောင်းတယ်။
ထင်ရှားတဲ့ဆရာတော်ပြောတာ က “အခြေခံစာမေးပွဲတွေမှာ အင်္ဂလိပ်စာထည့်သွင်းပြဌာန်းတာဟာ ခေတ်အခြေအနေအရ သိပ်ကောင်းပါတယ်။ အရှင်ဘုရားအနေနဲ့ ဘယ်လိုရည်ရွယ်ချက်နဲ့ ထည့်သွင်းချင်တာလဲဆိုတာကိုတော့ မေးစရာရှိတာပေါ့။ လမ်းဘေးချိတ်ထားတဲ့ ဆိုင်းဘုတ်ဖတ်တတ်ရုံ ရည်ရွယ်တာလား၊ နိုင်ငံခြားသားတွေနဲ့ စကားပြောတတ်ရုံလောက် ရည်ရွယ်တာလား၊ ဒါမှမဟုတ် ဗုဒ္ဓဓမ္မတွေကို အင်္ဂလိပ်ဘာသာနဲ့ ကမ္ဘာအထိကျယ်ပြန့်သွားအောင် သိသွားအောင် ဆောင်ရွက်ချင်တာလား။ ဆိုင်းဘုတ်ဖတ်တတ်တာလောက်ကိုပဲ ခေတ်အမြင်ရှိတယ်လို့ယူဆရင်၊ နိုင်ငံခြားသားတွေနဲ့ စကားလက်ဆုံပြောတတ်တာကိုပဲ အမြင်ကျယ်တယ်လို့ယူဆရင်တော့ အခြေခံတန်းတွေမှာ အင်္ဂလိပ်စာထည့်သွင်းပြဋ္ဌာန်းတာကို ဘာမျှ မပြောလိုပါဘူး။ ဒါပေမဲ့ ဗုဒ္ဓဓမ္မတွေကို ကမ္ဘာအထိသိအောင်၊ ကျယ်ပြန့်သွားအောင်လုပ်ဖို့ ရည်ရွယ်ပါတယ် ဆိုရင်တော့ ဒီနည်းစနစ်နဲ့ မသင့်တော်ဘူးထင်တယ်။ ပါဠိ၊ အဋ္ဌကထာ၊ ဋီကာအသွားအလာကို ဓမ္မာစရိယတန်းအောင်မြင်တဲ့အထိ မြန်မာနိုင်ငံက သင်ကြားနည်းစနစ်နဲ့ ကျကျနနသင်စေချင်တယ်။ ပြီးမှ အင်္ဂလိပ်စာသင်ယူတာက ပိုကောင်းမယ်။ တကယ်စိတ်ဝင် စားတယ်၊ ဥာဏ်အသင့် အတင့်ရှိတယ်ဆိုရင် အသက် (၃၀) ကျော်ဝန်းကျင်လောက်မှာ အင်္ဂလိပ်စာတတ်ကျွမ်းတဲ့အဆင့်ထိ ရောက်နိုင်ပါတယ်။” တဲ့။

သူပြောခဲ့တဲ့ အထက်ပါစကားတွေ ထဲမှာ မရှင်းမလင်းတာတွေပါနေတယ်။
ဥပမာ၊ လမ်းဘေးချိတ်ထားတဲ့ ဆိုင်းဘုတ်ဖတ်တတ်ရုံ ရည်ရွယ်တာလား၊ နိုင်ငံခြားသားတွေနဲ့ စကားပြောတတ်ရုံလောက် ရည်ရွယ်တာလား၊ ဒါမှမဟုတ် ဗုဒ္ဓဓမ္မတွေကို အင်္ဂလိပ်ဘာသာနဲ့ ကမ္ဘာအထိကျယ်ပြန့်သွားအောင် သိသွားအောင် ဆောင်ရွက်ချင်တာလား ဆိုတဲ့ သူ့စကား။
ဆရာတော်အနေနဲ့ ဒီလို မေးစရာမလိုဘူးလို့ယူဆတယ်။ ကိုရင် (သို့) ဘုန်းကြီးတစ်ပါးကို အင်္ဂလိပ်စာသင်းပေး၊ သင်ယူကတည်းက ဗုဒ္ဓဓမ္မတွေကို အင်္ဂလိပ်ဘာသာနဲ့ ကမ္ဘာအထိ ကျယ်ပြန့် သွားအောင် သိသွားအောင် ဆောင်ရွက်ချင်တာပါပဲ။ ဒီလို ဗုဒ္ဓဓမ္မတွေကို အင်္ဂလိပ်ဘာသာနဲ့ သင်ပေးသင်ယူသွားရင်းနဲ့ပဲ လမ်းဘေးက ဆိုင်းဘုတ်တေကွိုဖတ်တတ်မှာဖြစ်ပြီး နိုင်ငံခြားသား တွေနဲ့ စကားပြောတတ်လာမှာပါ။

နောက်ပြီး ဆရာတော်က “ဆိုင်းဘုတ်ဖတ်တတ်တာလောက်ကိုပဲ ခေတ်အမြင်ရှိတယ်လို့ယူဆရင်၊ နိုင်ငံခြားသားတွေနဲ့ စကားလက်ဆုံပြောတတ်တာကိုပဲ အမြင်ကျယ်တယ်လို့ယူဆရင်တော့ အခြေခံတန်းတွေမှာ အင်္ဂလိပ်စာထည့်သွင်းပြဋ္ဌာန်းတာကို ဘာမျှ မပြောလိုပါဘူး” လို့ ဆိုတယ်။
ဒါက ဘာကို ဆိုလိုတာပါလဲ။ စာရေးသူအမြင်ကတော့ အင်္ဂလိပ်စာသင်ယူတာဟာ အင်္ဂလိပ်စကားကို ပြောတတ်ဖို့၊ အင်္ဂလိပ်စာကို ရေးတတ်ဖို့၊ ဖတ်တတ်ဖို့ပါပဲ။ ဆိုင်းဘုတ်ကိုပဲ ဖတ်ရ ဖတ်ရ၊ သတင်းစာကိုပဲ ဖတ်ရ ဖတ်ရ၊ ပိဋကတ်စာပေကိုပဲ ဖတ်ရ ဖတ်ရ၊ ဖတ်တတ်ဖို့ပါပဲ။ အင်္ဂလိပ်စကားပြောရာမှာလဲ အကြောင်းအရာမျိုးစုံကို တရုတ်လူမျိုးနဲ့ပြောရ ပြောရ၊ ကုလားလူမျိုးနဲ့ ပြောရ ပြောရ၊ ပြောတတ်ဖို့ပါပဲ။
ဆရာတော်ဆက်ပြောတာက “ဒါပေမဲ့ ဗုဒ္ဓဓမ္မတွေကို ကမ္ဘာအထိ သိအောင်၊ ကျယ်ပြန့်သွားအောင် လုပ်ဖို့ ရည်ရွယ်ပါတယ် ဆိုရင်တော့ ဒီနည်းစနစ်နဲ့ မသင့်တော်ဘူးထင်တယ်။ ပါဠိ၊ အဋ္ဌကထာ၊ ဋီကာအသွားအလာကို ဓမ္မာစရိယတန်းအောင်မြင်တဲ့အထိ မြန်မာနိုင်ငံက သင်ကြားနည်းစနစ်နဲ့ ကျကျနနသင်စေချင်တယ်။ ပြီးမှ အင်္ဂလိပ်စာသင်ယူတာက ပိုကောင်းမယ်” တဲ့။
ဆရာတော်ရဲ့ ဒီစကားအရ ဆရာတော်က အခြေခံတန်းတွေမှာ အင်္ဂလိပ်စာကို မပြဋ္ဌာန်းစေလိုဘူး။ ၀ါ - အခြေခံတန်း စာသင်သားတွေကို အင်္ဂလိပ်စာ မသင်ကြနဲ့လို့ ပြောလိုက်တာပါ။

စာရေးသူအမြင်ကတော့ အခြေခံတန်းမှာကတည်းက သူ့အရွယ် သူ့အဆင့်နဲ့အညီ သိသင့်တဲ့ စာသင်သားလဲ ကျက်မှတ်ဖတ်နိုင်လောက်တဲ့ အခြေခံအင်္ဂလိပ်စာကို ပြဋ္ဌာန်းပေးပြီး သင်ကြားပေး ထားသင့်တယ်။ ဒီလိုလုပ်ပေးခြင်းဖြင့် ပါဠိစာပေဖက်မှာ အားနည်းသွားမယ်လို့တော့ (လုံးဝ) မယုံကြည်ဘူး။ ဘာ့ကြောင့်လဲ။ အင်္ဂလိပ်စာ မသင်ရလဲ ပါဠိစာပေ အားနည်းချင် နည်းနေတာပဲ မဟုတ်လား။ တော်တဲ့လူက တော်တာပါပဲ။ ညံ့တဲ့လူက ညံ့နေတာပါပဲ။

ဆရာတော်က စာသင်သားသံဃာတော်တွေကို ဓမ္မာစရိယတန်းအောင်မှ အင်္ဂလိပ်စာ သင်ယူစေချင်တယ် ဆိုတော့ အတန်းပြဋ္ဌာန်းစာထဲမှာ မထည့်သွင်းပဲနဲ့ အလွတ်သင်ယူစေချင်တဲ့ သဘောလို့ ယူဆမိတယ်။
ဆရာတော်ရဲ့ ဒီအမြင်ဟာ ယေဘုယျမဆန်ဘူးလို့ယူဆပါတယ်။ ဆရာတော်ကိုယ်တိုင်ကတော့ ဓမ္မာစရိယတန်းကို ငယ်ငယ်ရွယ်ရွယ်နဲ့အောင်မြင်ခဲ့တော့ အင်္ဂလိပ်စာလေ့လာဖို့ အချိန်တွေ အများကြီးရတာပေါ့။ ဒါပေမဲ့ အများစုက အသက် ၃၀ လောက်မှ ဓမ္မာစရိယတန်းကို အောင်ကြတာ။ ဓမ္မာစရိယတန်းအောင်ပြီးရင်လဲ စာသင်တိုက်အများစုက လက်ခံချင်ကြတာမဟုတ်ဘူး။ ဆိုတော့ အသက်လဲကြီး နေစရာလဲ အခက်အခဲတွေ့နေတဲ့ ဓမ္မာစရိယအောင်မြင်ပြီးတဲ့ရဟန်းတော်ဟာ အင်္ဂလိပ်စာသင်ယူဖို့ အခွင့်အရေး အတော့်ကို နည်းသွားပါပြီ။

စာရေးသူအမြင်က ဒီအင်္ဂလိပ်စာကို အခြေခံအတန်းတွေမှာကတည်းက ပြဋ္ဌာန်းစာတစ်ခုအဖြစ် သတ်မှတ်ပေးပြီး သင်ယူစေချင်တာ။ ထူးချွန်တဲ့ရဟန်းတော်များက ပိဋကတ်စာပေတွေကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုနိုင်ကြမှာဖြစ်ပြီး ဘက်စုံတော်တဲ့ နိုင်ငံခြားသာသနာပြု ရဟန်းတော်များဖြစ်လာမှာ သေချာပါတယ်။
အလည်အလတ်တန်းစားရှိတဲ့ရဟန်းတော်များကတော့ ဓမ္မာစရိယတန်းအောင်ပီးတာနဲ့ မိမိတို့ ကျောင်းထိုင်မဲ့ နေရာအသီးသီးမှာ (၁၀) တန်းကျောင်းသား ကျောင်းသူလေးတွေကို အင်္ဂလိပ်စာ ပြနိုင်တဲ့အဆင့်ရောက်လာမှာပါ။ အဲ၊ အနိမ့်ဆုံးအဆင့်ကတော့ လမ်းဘေးကဆိုင်းဘုတ်တွေ လမ်းညွှန်တွေကို ဖတ်တတ်လာပြီး အထက်တစ်နေရာမှာ တင်ပြခဲ့တဲ့ ဂျပန်အလည်သွားတဲ့ ဆရာတော်ကြီးလို “မြန်မာများ ပါကြပါသလားခင်ဗျား၊ မြန်မာများ ပါကြပါသလားခင်ဗျား” လို့ အော်စရာ မလိုတော့ဘူးပေါ့။
ပြောချင်တာက ကိုယ့်နိုင်ငံက ရဟန်းတော်များ ထူးထူးချွန်ချွန်သာသနာပြုနိုင်အောင် ပါဠိစာပေရော၊ ဗုဒ္ဓဘာသာစာပေရော၊ ဗုဒ္ဓဘာသာသမိုင်းရော၊ အင်္ဂလိပ်စာရော ပြဋ္ဌာန်းစာထဲမှာ ထည့်ပြီး သင်ကြားပေးစေချင်တာပါ။

Tuesday, May 25, 2010

သီရီလင်္ကာရှိ မြန်မာရဟန်းတော်တို့အား သီတဂူဆရာတော်မှ သြ၀ါဒပေး

သွေးဆူတတ်သော ကလေးများ

ရန်လိုတတ်တာဟာ ဘယ်လူ့အဖွဲ့အစည်းမှာမဆို ပြဿနာ ရှိပါတယ်။ ဆိုလိုတာက ကလေးပဲဖြစ်ဖြစ်၊ လူကြီးပဲဖြစ်ဖြစ် အဲဒီ သူနဲ့ အနီးဆုံးသူတွေ၊ မိသားစုနဲ့ နောက်ဆုံး သူနေထိုင်နေတဲ့ လူ့အဖွဲ့အစည်းအထိ ရိုက်ခတ်ပြဿနာ ဖြစ်စေနိုင်ပါတယ်။ ဒါပေမဲ့ အခု ကျနော်တင်ပြမှာကတော့ သွေးဆူရန်လိုတတ်တဲ့ ကလေးတွေနဲ့ ပတ်သက်ပါတယ်။ ကလေးတွေရဲ့ ရန်လိုတတ်တဲ့ အပြုအမူတွေဟာ တိုးများလာတာကို တွေ့ရပြီး လူကြီးတွေကတော့ အဲဒါဟာ ပြဿနာတခု ဟုတ်မဟုတ်ဆိုတာကို ပြောဖို့ မကြာခဏ အခက်အခဲ ရှိလာတတ်ပါတယ်။ အဲဒါတွေအားလုံးဟာ ခင်ဗျားတို့ရဲ့ အခြေအနေနဲ့ အမြင်ပေါ်မှာ မူတည်နေပါတယ်။

တချို့ဖြစ်ရပ်တွေမှာတော့ ရန်လိုတတ်တဲ့ အပြုအမူဟာ ကလေးတယောက်ကို ဘေးအန္တရာယ်ကနေ အကာအကွယ်ပေးနိုင်တာမျိုးလည်း ရှိပါတယ်။

ရန်လိုတဲ့အပြုအမူကို အိမ်ထောင်သုံးပစ္စည်းတွေ ဒါမှမဟုတ် တခြားပစ္စည်းတွေ ပျက်စီးအောင် အင်အားသုံးတာ၊ တခြားလူတွေကို ရုပ်ပိုင်းအရ တိုက်ခိုက်ရန်ပြုတာ၊ ဒါမှမဟုတ် တခြားသူတွေကို ရုန့်ရင်းကြမ်းတမ်းတဲ့ စကားလုံးတွေနဲ့ မဖွယ်မရာ ပြောဆိုတာ၊ သရော်မော်ကားလုပ်တာ၊ စော်ကားတာတွေပါတဲ့ လုပ်ဆောင်မှုတွေနဲ့ အဓိပ္ပာယ် သတ်မှတ်ဖော်ဆောင်လို့ ရပါတယ်။

ယေဘုယျအားဖြင့်တော့ ရန်လိုပြောဆိုတတ်တဲ့ အပြုအမူဟာ အကြိမ်ရေ များလာတဲ့အခါ တင်းမာမှု တိုးများလာတဲ့အခါ ဒါမှမဟုတ် ကလေးရဲ့ နေ့စဉ်ဘဝကို ထိခိုက်လာတာမျိုးနဲ့ မိသားစု၊ မိတ်ဆွေသူငယ်ချင်း၊ ဆရာဆရာမတွေနဲ့ ဆက်ဆံရေးကို ထိခိုက်လာတဲ့အခါ ပြဿနာတခု ဖြစ်လာတတ်ပါတယ်။

တကယ်လို့ ရန်လိုတတ်တဲ့ အပြုအမူတွေကို ဖြစ်စေနိုင်တဲ့ အကြောင်းရင်းကို ဆွေးနွေးပြောဆိုမှု မှန်မှန်ကန်ကန် ကိုင်တွယ်ကုသမှု မလုပ်တဲ့အတွက် အဲဒီကလေးဟာ သူတို့ရဲ့ ရန်လိုတတ်တဲ့ အပြုအမူကို မရပ်ဆိုင်းနိုင်ဖြစ်လာပြီး အရွယ်ရောက်တဲ့အထိ ပါသွားတတ်ပါတယ်။ နိဂုံးရလဒ်ကတော့ ဘဝတိုးတက်မှုနဲ့ မိသားစုဘဝ နှစ်ခုလုံးပေါ်မှာ မကောင်းတဲ့ သက်ရောက်မှု ဖြစ်လာစေမယ့် ဘဝတခုကို ပြဿနာတွေက အန္တရာယ်ပြု ဒုက္ခပေးလာမှုပဲ ဖြစ်ပါတယ်။

မိဘတွေက ပြဿနာတွေကို ရန်လိုမှုနဲ့ တုံ့ပြန်ကြတဲ့အခါမှာတော့ သူတို့ဟာ အဲဒီရန်လိုမှု အပြုအမူကို သူတို့ရဲ့ ကလေးတွေဆီကို ကူးပြောင်းပေးလိုက်သလိုပါပဲ။ တကယ်လို့ အဲဒီစက်ဝိုင်းဟာ ကျိုးပြတ်မသွားဘူးဆိုရင်တော့ အနာဂတ်မျိုးဆက်တွေအထိ အဲဒီအပြုအမူက ပြဿနာတွေကို ဆက်ပြီး ဖန်တည်းပေးသွားနိုင်တယ်လို့ ဆိုရပါမယ်။
ကလေးတွေရဲ့ ရန်လိုတတ်တဲ့ အပြုအမူရဲ့ နောက်က အကြောင်းရင်းကတော့ အချက် ၃ ချက်ပေါ်မှာ မူတည်နေပါတယ်။

* စိတ်ပိုင်းဆိုင်ရာ အချက်အလက်များ
ဦးနှောက်ဖွဲ့စည်းပုံနဲ့ ဦးနှောက်ထဲမှာ နာဗ့်ဆဲလ်တွေကို အချက်ပြမှုတွေ သယ်ဆောင်ပေးတဲ့ အလုပ်ကို လုပ်ကြတဲ့ ဓာတုအေးဂျင့်တွေရဲ့ အဆင့်တွေပါ။ အဲဒါတွေဟာ ကလေးတွေရဲ့ စိတ်လှုပ်ရှားမှုတွေကို တိုက်ရိုက်သက်ရောက်စေပြီး ကလေးတွေကို စိတ်ဆိုးအောင်၊ ပျော်ရွှင်အောင် ဒါမှမဟုတ် ဝမ်းနည်းကြေကွဲအောင် လုပ်ဆောင်ပေးပါတယ်။

* စိတ်လှုပ်ရှားမှုဆိုင်ရာ အချက်အလက်များ
အဲဒါတွေကတော့ ကလေးရဲ့ ကိုယ်ရည်ကိုယ်သွေး အမျိုးအစားနဲ့ ဆက်စပ်ပါတယ်။ အဲဒါက ကလေး တယောက်ဟာ ပျော့ပျော့ပျောင်းပျောင်း ရှိကောင်းရှိမယ်၊ ဒါမှမဟုတ် ပျက်စီးကောင်း ပျက်စီးနေမယ်လို့ ဆိုနိုင်တဲ့ စိတ်လှုပ်ရှားမှုဆိုင်ရာ တည်ငြိမ်မှုကို ပြဋ္ဌာန်းပေးပါတယ်။

* ပတ်ဝန်းဆိုင်ရာ အချက်အလက်များ
အဲဒါတွေကတော့ မိသားစုထဲမှာ ရန်လိုတတ်တဲ့ ဒါမှမဟုတ် ရိုင်းပြတဲ့ အပြုအမူ၊ တီဗီ ဗီဒီယိုဂိမ်းတွေနဲ့ ရုပ်ရှင်တွေမှာ တွေ့ရတတ်တဲ့ ရန်လိုတဲ့ အပြုအမူတွေရဲ့ နမူနာတွေကို ရည်ညွှန်းပါတယ်။

ကလေးတွေရဲ့ ရန်လိုတဲ့ အပြုအမူဟာ အများအားဖြင့် စိတ်ရောဂါကု ဆရာဝန်တယောက်ရဲ့ အကူအညီကို လိုအပ်တဲ့ စိတ်လှုပ်ရှားမှုဆိုင်ရာ ပြဿနာတွေကနေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် စိတ်အပြောင်းအလဲ မြန်စေတတ်တဲ့ စိုးရိမ်သောက ဒါမှမဟုတ် စိတ်ဓာတ်ကျမှု၊ ရန်လိုမှုနဲ့ အာရုံဝင်စားမှု တိုတောင်းခြင်းတွေကို ခံစားနေရတဲ့ ကလေးတွေပါ။ အဲဒီလို ကလေးမျိုးတွေဟာ သူတို့တွေရဲ့ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ဖို့ အခက်အခဲရှိနေတတ်ကြပြီး ပိုပြီး ရန်လိုလာတတ်ကြတာကို တွေ့ရပါတယ်။

ရန်လိုတတ်တဲ့ အပြုအမူရှိတဲ့ ကလေးတွေကို နည်းလမ်းနှစ်ခုနဲ့ အကူအညီပေးနိုင်ပါတယ်။ အဲဒါတွေကတော့ ရန်လိုမှု ဖြစ်ပေါ်မလာခင် ကာကွယ်ခြင်းနဲ့ ရန်လိုမှု ဖြစ်ပေါ်လာတဲ့အခါ ရောဂါလက္ခဏာတွေကို ပြုစုကုသပေးခြင်း ဖြစ်ပါတယ်။

ရန်လိုတတ်တဲ့ အပြုအမူ ပေါ်ပေါက်မလာခင်မှာ ကာကွယ်ခြင်းအတွက် ကောင်းမွန်တဲ့ မိဘသွန်သင်ညွှန်ပြမှု လိုအပ်ပါတယ်။ သူတို့တွေရဲ့ စိတ်လှုပ်ရှားမှုတွေကို အင်အားမသုံးဘဲ ပြဿနာတွေ ဖြေရှင်းဖို့ ဖန်တည်းမှုရှိတဲ့ နည်းလမ်းတွေ အသုံးပြုပြီး ကြင်ကြင်နာနာ၊ ပျော့ပျော့ပျောင်းပျောင်း ပြောဆိုတာဟာ သူတို့ရဲ့ စိတ်လှုပ်ရှားမှုတွေကို ထိန်းချုပ်ပေးထားတာတွေ အားလုံးဟာ ကလေးတွေအတွက် အပြုသဘောဆောင်တဲ့ နမူနာတွေ ဖြစ်ပါတယ်။

တကယ်လို့ မိဘတွေအနေနဲ့ အဲဒီလို လုပ်မပေးနိုင်ဘူးဆိုရင် ကလေးတွေဟာ အပြုအမူကောင်းကို သင်ယူတဲ့ နေရာမှာ အခက်အခဲ ရှိပါလိမ့်မယ်။ မိဘတွေအနေနဲ့ နမူနာတခုကို ချမှတ်ပေးဖို့ လိုအပ်ရုံသာမကပါဘူး၊ သူတို့တွေရဲ့ စိတ်မချမ်းမသာ ဖြစ်နေတဲ့ ခံစားမှုတွေကို ဘယ်လို ကောင်းကောင်းမွန်မွန် ဖော်ပြရမယ်ဆိုတာကို သင်ပေးကြရပါလိမ့်မယ်။ ကလေးတယောက်ဟာ တခြားသူတွေရဲ့ ခံစားမှုတွေကို စဉ်းစားပေးဖို့ကိုလည်း တတ်သိနားလည်ထားရပါလိမ့်မယ်။ ၁ ကနေ ၁ဝ အထိ ရေတွက်ပြီး ဒေါသတရားကို ပြေအေးစေတာ၊ အသက်ရှူလေ့ကျင့်ခန်း လုပ်တာာ၊ ကောင်းမွန်တဲ့ အပြုအမူအတွက် ကလေးတယောက်ကို ဘယ်လိုခွင့်လွှတ် ဒါမှမဟုတ် ချီးမွန်းပြောဆိုရမယ်ဆိုတာတွေကို သင်ယူတာမျိုးတွေဟာ သူတို့ကို သင်ကြားပေးနိုင်တဲ့ နည်းလမ်းတွေပဲ ဖြစ်ပါတယ်။

မိဘတွေအနနဲ့ ကလေးတွေ ကြည့်ရှူလို့ရတဲ့ မီဒီယာအမျိုးအစားတွေကိုလည်း စောင့်ကြည့်ကြီးကြပ်ဖို့ သင့်ပါတယ်။ အလွန်အကျွံကြီး ရန်လိုတဲ့ အပြုအမူ လှုပ်ရှားမှုတွေ ပါဝင်တဲ့ ဗီဒီယိုဂိမ်းတွေ၊ တီဗီဇာတ်လမ်းတွေနဲ့ ရုပ်ရှင်တွေကို ရှောင်ရှားသင့်ပါတယ်။

တခြား ကာကွယ်ရေး လုပ်ဆောင်မှုတခုကတော့ မိသားစုဝင်တိုင်း တယောက်နဲ့ တယောက် ရင်းရင်းနှီးနှီး၊ နီးနီးကပ်ကပ် ဖြစ်စေနိုင်တဲ့၊ နွေးထွေးကောင်းမွန်တဲ့ မိသားစုဝန်းကျင် အခြေအနေလေးတခုကို ဖန်တီးပြုလုပ်ပေးတာပဲ ဖြစ်ပါတယ်။ အဲဒီလို ဝန်းကျင်အခြေအနေမျိုးမှာဆိုရင် ကလေးတွေဟာ သူတို့ရဲ့ စိတ်လှုပ်ရှားမှုတွေကို ထိန်းချုပ်တတ်ပြီး ကျေနပ်ပျော်ရွှင်မှုရှိတဲ့ လူတယောက်အဖြစ် ကြီးပြင်းလာနိုင်မှာ ဖြစ်ပါတယ်။

ရန်လိုတတ်တဲ့ ကလေးတွေကို အကူအညီပေးနိုင်ဖို့ ..

* ကလေးကို ထိတွေ့ဆက်ဆံပြီး ခင်ဗျားတို့ဟာ သူတို့ရဲ့ ခံစားမှုကို လက်ခံကြောင်း ပြောပြပါ။ ဒါပေမဲ့ ရန်လိုတဲ့ အပြုအမူကိုတော့ လက်မခံပါနဲ့။ သူတို့ကို သူတို့ရဲ့ ခံစားမှုတွေကို ပိုပြီး ကောင်းမွန်သင့်လျော်တဲ့ နည်းလမ်းတခုနဲ့ ဖော်ပြဖို့ အကြံပေးပါ။ ဥပမာ …

“မေမေက မင်း စိတ်ဆိုးတာကို နားလည်ပါတယ်၊ ဒါပေမဲ့ ဒီလိုမျိုး အိမ်က ပစ္စည်းတွေကို ဖျက်ဆီးလို့တော့ မဖြစ်ဘူးလေ၊ တကယ်လို့ မင်း သိပ်စိတ်ဆိုးနေတယ်ဆိုရင် အဲဒီဒေါသကို ခေါင်းအုံးတွေကို ပစ်ပေါက်လို့ပဲဖြစ်ဖြစ် အရုပ်တွေကို ထိုးကြိတ်လို့ပဲဖြစ်ဖြစ် ဖွင့်ထုတ်ပစ်လို့ ရတာပဲလေ” လို့ ပြောတာမျိုး။

* တကယ်လို့ ကလေးတယောက်ဟာ အိမ်ကပစ္စည်းတွေကို ဖျက်ဆီးပစ်ပြီး ရန်လိုတတ်တဲ့ အပြုအမူကို အလွန်အကျွံ ပြသလာပြီဆိုရင်တော့ လူကြီးတွေအနေနဲ့ ချက်ချင်း ကြားဝင်ဆောင်ရွက်ဖို့ လိုအပ်ပါလိမ့်မယ်။ ကလေးကို ဆုပ်ကိုင်လို့ပဲဖြစ်ဖြစ်၊ ပွေ့ဖက်လို့ပဲဖြစ်ဖြစ် နောက်ထပ် အဲဒီလိုအဖြစ်မျိုး ထပ်မဖြစ်အောင် ကာကွယ်ပေးရပါမယ်။

* လူကြီးတွေအနေနဲ့ ကလေးတွေ ပြောတာကို နားထောင်ပြီး ဖြစ်ရပ်အပေါ် သူတို့ရဲ့ ဘက်ကနေ ဘယ်လိုမြင်တယ် ဆိုတာကို ရှင်းပြဖို့ အခွင့်အရေးပေးရပါမယ်။ ကလေးဟာ အမြဲတမ်း မှားယွင်းနေတယ်လို့ မယူဆပါနဲ့။ တခါတလေမှာ ကလေးတယောက်က လိုချင်နေတာ အားလုံးဟာ လူကြီးတယောက်က သူတို့ကို နားထောင်ပေးဖို့ပါပဲ။

* ကလေးတယောက် ရန်လိုဒေါသပေါက်ကွဲရာကနေ ပြေအေးသွားပြီဆိုတာနဲ့ လူကြီးတယောက်က သူတို့အနေနဲ့ အဲဒီလိုမျိုး မပြုမူသင့်တဲ့အကြောင်း ရှင်းပြသင့်ပါတယ်။ ရှင်းပြတာကို ဖြစ်နိုင်သမျှ တိုတောင်းပြီး တိတိကျကျ ဖြစ်စေသင့်ပါတယ်။

* အပြစ်ရှာတဲ့ ဒါမှမဟုတ် သူတို့ဟာ မကောင်းဘူး၊ ဆိုးတယ်၊ ကလိန်ကညစ်ကျတယ်၊ ရန်လိုတယ်၊ ဒါမှမဟုတ် လူပေလူတေ ကလေးလို လုပ်တတ်တယ်၊ ဒါမျိုး အငုံ့စိတ်ကို ဖြစ်ပေါ်စေတဲ့ စကားလုံးမျိုးတွေကို ရှောင်ပါ။ ခင်ဗျားတို့အနေနဲ့ သူတို့ကို ဆူမှဖြစ်မယ်ဆိုရင်လည်း ဆူလိုက်ပါ။ ပြီးတာနဲ့ ”အဖိုးကို ဒုတ်တွေနဲ့ ပစ်တာကိုတော့ မေမေ မကြိုက်ဘူး” ဆိုတာမျိုး သူတို့ရဲ့ လုပ်ရပ်ကို ဦးတည်ပြောပါ။

* ကလေးတွေကို သူတို့ရဲ့ လုပ်ရပ်တွေပေါ်မှာ သူတို့ကိုယ်တိုင် တာဝန်ယူပါစေ။ ဥပမာအားဖြင့် ဒေါသဖြစ်လို့ ဝုန်းဒိုင်းကြဲခဲ့တုန်းက သူတို့ ရှုပ်ပွပေညစ်အောင် လုပ်ခဲ့တာတွေကို သူတို့ဘာသာ ပြန်ပြီး ရှင်းလင်းသန့်စင်သင့်ပြီး၊ တကယ်လို့ သူတို့ ရိုင်းပြသွားတယ်ဆိုရင် ခွင့်လွှတ်ဖို့ လူကြီးတွေကို တောင်းပန်သင့်ပါတယ်။ သူတို့ရဲ့ မုန့်ဖိုးကို သိမ်းယူတာမျိုး၊ သူတို့ရဲ့ တီဗီဂိမ်း ဗီဒီယိုဂိမ်းတွေကို ယူသွားတာမျိုး အရေးယူတာလောက်နဲ့ မလုံလောက်ပါဘူး။

ကလေးတယောက်ရဲ့ အပြုအမူကို ပြုပြင်တည့်မတ်ပေးတဲ့ အလုပ်ဟာ မလွယ်ပါဘူး။ အဲဒါဟာ ပိုင်းဖြတ်ချက်၊ အားထုတ်ဆောင်ရွက်မှုနဲ့ ရှေ့နောက်ညီညွတ်မှုတွေ အများကြီး လိုအပ်ပါတယ်။ ဒါပေမဲ့ ခင်ဗျားတို့ အောင်မြင်သွားမယ်ဆိုရင်တော့ အားထုတ်ကြိုးစားကျိုး နပ်ပါတယ်။ တကယ်လို့ လူကြီးတွေအဖြစ် ကျနော်တို့ဟာ တည်ငြိမ်အေးဆေးတဲ့ စိတ်သဘောထား ရှိမယ်ဆိုရင် ကျနော်တို့ရဲ့ လူ့အဖွဲ့အစည်းဟာ အများကြီး အကျိုးကျေးဇူး ရနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီကနေ့ အခက်အခဲပေါင်းစုံနဲ့ စိန်ခေါ်မှုတွေ များပြားလှတဲ့ အချိန်ကာလမှာ ကျနော်တို့ဟာ ငြိမ်းချမ်းမှုနဲ့ ညီညွတ်မှုတွေကို မလွဲမသွေ လိုအပ်နေလို့ပဲ ဖြစ်ပါတယ်။

တကယ့်တကယ်ကတော့ ကမ္ဘာတဝှန်းလုံးမှာရှိတဲ့ လူ့အဖွဲ့အစည်းတိုင်းက လူတွေမှာ လူကြီးတွေပဲဖြစ်ဖြစ်၊ ကလေးတွေပဲဖြစ်ဖြစ် သွေးဆူရန်လိုမှုတွေ များလာတာဟာ မကောင်းပါဘူး။ မိသားစုရန်ပွဲ၊ ပြည်တွင်းစစ်တွေကနေ နိုင်ငံတကာစစ်ပွဲ (ကမ္ဘာစစ်) တွေအထိ တောက်လောင်ဖြစ်ပွားလာနိုင်ကြောင်း သတိထားသင့်ကြပါတယ်။ ။

Monday, May 24, 2010

အောင်ပန်းဆွတ်ဖို့ ငါလာတယ်



တောင်တလုံးပြီး တလုံး
အမှောင် ဖုံးပြီး ရင်း ဖုံး
အပြုံးမပျက် ကျော်လို့တက်
မနက်လင်းရင် စခန်းရောက်မှ သေချာတယ်။

လူသားရဲ့ အစွမ်း
ဘယ်တော့မှ မကုန်ခမ်းနိုင်ဘူး
မမှန်းဆနိုင်တဲ့ နေရာက
အတွေး အဆတွေ လာတယ်။

လေထဲမှာ ဝှေ့ယမ်းနေတာက
အောင်ပန်းတွေ မဟုတ်လား။

ဘ၀ရဲ့ တောင်တန်းအထွတ်မှာ
အောင်ပန်းဆွတ်ဖို့ ငါတက်ခဲ့တယ်။

အရှုံးပေးတတ်တဲ့ စိတ်ညံ့
ကြောက်လန့်ပြီး ထွက်ပြေးတတ်တဲ့စိတ်ပျော့
ပေါ့ပေါ့တွေးတတ်တဲ့ စိတ်လေပွေ
အခြေမဲ့ အနေမဲ့ အဖြေမဲ့ ပုစ္ဆာ
ငါ့အဘိဓာန်မှာ ဘယ်အခါမှ မရှိ။

သဘာဝ

တစ်စုံတစ်ခုကိုရဖို့ တစ်စုံတစ်ခုကို စွန့်လွှတ်ကြရ။
တစ်စုံတစ်ခုလေး ယူလိုက်မိတာနဲ့ တစ်စုံတစ်ခုလေး ပြန်ပေးလိုက်ကြရ။
မသိရင်မသိသလို အမှားတွေနဲ့ ရင်ဆိုင်ကြရ။
အားနည်းရင် အားနည်းသလို အဖိခံကြရ။
ကိုယ့်ကိုယ်ကို သနားရင်း နစ်နစ်သွားကြ။
ကိုယ်လုပ်မှ ကိုယ်ရတယ်ဆိုတာ
မေ့မေ့နေကြ။
အဲဒါ ဟောဒီလောက...

Sunday, May 23, 2010

Vesak festival

Vesak is the most important festival for Buddhist. It is held in the month of May every year. It marks three important events in the life of the Buddha. They are the Birth of Prince Siddhartha, Enlightenment of the Buddha and Parinibbana. As Buddhists we observe Sil on Vesak Poya Day. We also listen to sermons and other religious talks.
We decorate our houses with Vesak lanterns and other colourful decorations. We also illuminate our house with coloured bulbs and light many lamps on that day.
Pandals are erected at many public places. They display the various incidents in the life of the Buddha. We go on pilgrimages to sacred places. All these acts purify our our thoughts. Special religious programmes are also organised by Buddhist associations. Vesak lantern competitions and dansals are held on this day many places.

Let's live happily in peace and harmony on this important day and always.

Fragrance of the Dhamma

Fragrance of the Dhamma
Fragrance of the virtues
Waft in the cool breeze
Perfuming the surroundings

Poson full moon beams
Illuminate the scenic Mihintale
Reminding is of that
Great name 'Arahat Mahinda'
The like of Lanka!

We shall ever honour
Our sacred Buddhism
The teaching of the Buddha
With echoes of 'Sadhu'......
Resounding from our pious hearts

The pride of our nation
Sky-scraping stupas as Ratnamali
Thuparamaya, Abhayagiriya
Are worshipped by Gods and Brahmas

The intricate sculptures of Pollnnaruwa
Speak out boldly and proudly
Of the glorious history of Buddhism
And the talents of Sinhala Sculptors

May the guardian deities
Ever protect and presence
Our priceless gem
Our revered Buddhism

With heart full of reverence
Let us pay homage
To Buddha Dhamma and Sangha
' Sadhu! Sadhu! '
Our revered Buddhism!
Our priceless gem!

Life

'Life' is like a river
Which flows forever........
'Life' is like a waterfall
Which flows sprinkling and thuding
On nearby stones
'Life' is like a thistle rod
Which hurts and makes blood to pour down

Sometimes,
'Life' is like a marshy bog
Which stucks one's feet
After another
'Life', is like the great blue ocean
Which is filled with tear drops
'Life' is like a rainbow
Which shades away in a moment
'Life' is like a flower
That fades its colourful petals
And sometimes,
'Life' is like a flower garden
Which filled with laughter

" Life " cannot be defined by words
The meaning of it is hidden
As a pearl inside a mother pearl

But..............
The person who finds
The real meaning of 'Life'
Is a hero
Whose life is eternal
As the almighty sun................

Saturday, May 22, 2010

You were unfortunate

You know
How much I love you
You know
How much I told you
I can't stay seeing without you
I can't stay talking without you
I can't do anything without you

I explained to you
My love......
I explained to you
My feelings......
I love you forever
You are my angel
You are my life

But you were unfortunate........
To love me
You were unfortunate
To recognise me
You were unfortunate
To live with me
You were too late to be with me !
Rathnayaka

သီတဂူ ဆရာတော် သီရိလင်္ကာမြန်မာကျောင်းတွင် စာသင်သားသံဃာတို့ အား သြ၀ါဒပေးနေပုံဖြစ်ပါသည်။

သီတဂူ ဆရာတော်သည် မြန်မာပြည်နှင့်တကွ အားလုံးကိုစွန့်ခွါကာ သီရိလင်္ကာသို့ပညာသင်ကြားနေကြသော သံဃာတော် စာသင်သားတို့အား လွန်စွာ အဖိုးထိုက်တန်သော သြ၀ါဒစကားမြွက်ကြားခဲ့ပါသည်။ ဆရာတော်သည် သူ၏များစွာသော အတွေ့အကြုံ အတွေးအမြင်တို့ကို ကျွန်ုပ်တို့အား မျှဝေပေးခဲ့ပါသည်။ သာသနာပြုရဟန်းတော်တို့မှာ ရှိသင့်ရှိထိုက်သော ရည်ရွယ်ချက် အမြဲတမ်းကျင့်သုံးနေရမည့် တရား လုပ်ဆောင်ရမည့်အလုပ်တို့ကို ရင်းရင်းနှီးနှီး ပြောဆိုမိန့်ကြားခဲ့ပါသည်။ ရည်ရွယ်ချက်တွေ မှုန်မှုန်၊ မပြည့်စုံခြင်းတို့အတွက် အားငယ်နေသူ ကျွန်ုပ်အဖို့ အလွန်အားကောင်းသော အားဆေးပမာ ဆရာတော်ကြီး၏ သြ၀ါဒတို့က လန်းဆန်းစေခဲ့ပါသည်။