Wednesday, February 16, 2011

ဟောပြလိုက်ချင်တဲ့ တရားအတိုအထွာ

ဒီကနေ့ ဒို့ဒကာ၊ဒကာမတွေ သီလတွေဆောက်တည်လို့ ဒါနတွေပြုကြတယ်။ဒါဘာကြောင့်ပြုတာလဲဆိုရင် ကုသိုလ်ရချင်လို့ပါဘုရားလို့ဆိုရမှာ။ နောက်ပြီး မြတ်စွာဘုရားရှင်က သံသရာထဲမှာကျင်လည် နေသမျှဆင်းရဲနေအုံးမှာ။ဒါကြောင့် ဆင်းရဲတွင်းကနေ လွတ်မြောက်စေချင်တယ်။ဆင်းရဲတွင်းမှာ နေနေကြတဲ့ သတ္တ၀ါတွေကို အလွန်အင်မတန် သနားတော်မူတယ်။ဥပမာအားဖြင့် မိဘတွေဟာ ကိုယ့်သားသမီးတွေ ဆင်းရဲ ဒုက္ခရောက်မှာကို မတွေ့မမြင်ချင်ကြဘူး၊ဒါကြောင့်မို့ပဲ ငယ်ငယ်ကတည်းက အခက်အခဲတွေကြားထဲကနေ ပညာတွေသင်ပေးတယ်။ဒုက္ခရောက်မယ့် အလုပ်တွေ၊နေရာတွေကို မလုပ်စေချင် မသွားစေချင်ကြဘူး။ချမ်းသာစေမယ့် နေရာတွေ ချမ်းသာမယ့်အလုပ်တွေပဲ လုပ်စေချင်တယ်။အဲဒါတွေကိုပဲ တိုက်တွန်းလေ့ရှိပါတယ်။ ထိုနည်းတူပါပဲ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကလည်း သတ္တ၀ါတွေကို သနားတော်မူလွန်းလို့ ဆင်းရဲဒုက္ခရောက်စေမယ့် လောဘ၊ဒေါသ၊မောဟ အလုပ်တွေကို မလုပ်စေချင်ဘူး။ ဆင်းရဲက လွတ်မြောက်စေမယ့် ဒါန၊သီလ ၊ဘာဝနာအလုပ်တွေကိုပဲ လုပ်စေချင်တယ်။ ဒါကြောင့် အဲဒီလုပ်ငန်းတွေ လုပ်ဆောင်ဖို့လည်း အမြဲတိုက်တွန်းတော်မူလေ့ရှိပါတယ်။

No comments:

Post a Comment