Saturday, September 3, 2011

ကျေးဇူးပြု၍ တံခါးခေါက်ပါ

မနေ့ကြာသပတေးနေ့က ညနေသင်တန်းသွားချိန်မှာ မိုးတွေကလည်း တစ်အားရွာသလို ဆရာမကလည်း နောက်ကျပြီး ဆင်းတော့ နည်းနည်း စိတ်ပျက်သလိုဖြစ်သွားတာက တစ်ကြောင်း၊ ဦးစန္ဒော ထောင့်ခန်းထဲရောက်လာပြီး သင်တန်းအကြောင်းပြောကြတော့ သူတို့တက်တဲ့ နေ့ခင်းပိုင်းမှာ လူနည်းတဲ့အကြောင်း လိုက်ခဲ့လို့ရတဲ့အကြောင်းပြောတာနဲ့ ပီးခဲ့တဲ့သောကြာနေ့က ဦးစန္ဒောဗောဓိတစ်ထောင်နဲ့အတူ အချိန်ပြောင်းပြီးသင်တန်းသွားတော့ ရောက်ရောက်ချင်းကိုယ်က ကောင်တာထိုင်တဲ့ ဒကာမကြီးနဲ့အချေအတင်ပြောနေတုန်း။ဦးစန္ဒောက အခန်းတစ်ခန်းထဲဝင်သွားပါတယ်။ဒကာမကြီးကလဲ သူ့ဘက်က အမှန်ဆိုတော့ လှိမ့်သာပြောနေပါတော့တယ်။ နောက်တစ်ခါဆို ကြိုတင်ပြောဖို့ပြောရင်း တက်ခွင့်ပြုပါတယ်။ကိုယ်လည်း ဆောရီးပဲပြောလိုက်ပါတယ်။ တက်လို့ရတယ်ဆိုတာနဲ့ ကိုယ်လည်း အင်လမင်ထရီ အခန်းထဲ တံခါးပိတ်ထားတာ သိပါလျှက်နဲ့ ညနေပိုင်းသင်တန်းလို ဘယ်သူမှ မရှိဘူးမှတ်ပြီး တံခါးခေါက်မနေတော့ပဲ ချက်ချင်းဖွင့်ဝင်သွားမိပါတယ်။ ဆရာမက ဟဲလိုလို့ပြောပြီး သင်တန်းသားတွေကလဲ ကြောင်ပြီး ကြည့်နေကြပါတယ်။ကိုယ်လည်း ကြောင်သွားပြီး နောက်မှ မှားမှန်းသိမှ အပြင်ပြန်လည် ထွက်သွားရပါတယ်။ တော်တော်ကို ရှက်သွားတာပဲ။ တကယ်ဆို တံခါးကို အရင်ခေါက်ပြီးမှ ၀င်သင့်တာပါ။ ဘယ်သူနေနေ တစ်ခုခုပြောချင်ရင် ကိုယ်တိုင်တံခါးကို တွန်းမဖွင့်ကြပဲ တံခါးကို အရင်ခေါက်ပြီး ၀င်ခွင့်တောင်းကြတာပါ။ဒါမှ ယဉ်ကျေးပြီး တစ်ပါးသူကလည်း ကျေနပ်မှာပါ။ အင်း သင်ခန်းစာတော့ ကောင်းကောင်းရလိုက်ပါပြီ။ ဒါပေမယ့် ဆရာမကတော့ ဘာမှ မပြောပါဘူး။ အားနာလိုက်တာ ဆရာမရယ်။

No comments:

Post a Comment