

မြန်မာလူမျိုး တော်တော်များများဟာ အင်္ဂလိပ်စာကို အကျွမ်းကြီး မဟုတ်တောင်
နဲနဲပါးပါးတော့ပြောနိုင်ဆိုနိုင်ကြပါတယ်။ ဆိုက်ကားသမား Taxi သမားကအစ၊
မြင်းလှည်းသမား အဆုံး နဲနဲပါးပါးတော့ ပြောတတ်ကြပါတယ်။ ဒါပေမယ့်လည်း
လူတိုင်းသတိထားရမှာက နိုင်ငံခြားသားတိုင်း အင်္ဂလိပ်စာမတတ်ဖူးဆိုတာပဲ။
ပြင်သစ် တော်တော်များများ အင်္ဂလိပ်စာဘက်မှာ အားနည်းပါတယ်။
ဒီအဖြစ်အပျက်ကလေးကတော့ Taxi သမားတစ်ယောက်ကြုံခဲ့ရတဲ့ဟာလေးပေါ့။
တစ်ခါကနိုင်ငံခြားသားတစ်ယောက် (ပြင်သစ်လူမျိုး) ကားငှားတယ်….
Taxi သမားကမေးလိုက်တယ်… သူတက်သမျှမှတ်သမျှလေးနဲ့ပေါ့…
Where u go?
Reclining Buddha. (လျောင်းတော်မူဘုရား)
ပြင်သစ်လူမျိုးက Buddha "ဗုဒ္ဓ" ကို"ဘုတ" ဆိုပြီးပြောလိုက်တော့… ကားသမားက
Yes. Yes. 1500 kyats.
Ok.
ဆိုပြီးထွက်သွားကြရော…. မိနစ် ၂၀ လောက်နေတော့ ရှုးရှုးရှဲရှဲနဲ့ပြန်ရောက်လာတယ်…
ဘာဖြစ်လို့လဲ မေးကြည့်တော့… ပြင်သစ်လူမျိုးက သူဘုရားသွားချင်တာကို သူ့ကို
တစ်ခြားနေရာခေါ်သွားတယ်တဲ့… ဒါနဲ့ ... ဘယ်ရမလဲ
ကားသမားကိုဖြဲတာပေါ့......(ပါးစပ်)
ခင်းဗျားကဘယ်ကိုခေါ်သွားတာလဲဆိုတော့…
ရန်ကုန်ဘူတာကြီးကိုတဲ့ သူပြောတယ် ဘူတာ ဘူတာ နဲ့ဆိုလို့
ရန်ကုန်ဘူတာကြီးကိုခေါ်သွားလိုက်တာလေတဲ့….
ကောင်းပါလေ့… ကောင်းပါလေ့.…့လို့ပဲ ပြောလိုက်ရတော့တယ်….
===============================================
တစ်ခါက Taxiကားသမားတစ်ယောက်ကလဲ ခရီးစဉ်ထွက်သွားတယ်… နိုင်ငံခြားသားတွေနဲ့ပဲ….
ကလော၊ အင်းလေး၊ တောင်ကြီး၊ မန္တလေး အစုံပေါ့…..
ကလောရောက်တော့ နှစ်ညအိပ်တယ်... နောက်တစ်နေ့မနက်စထွက်မယ်ဆိုတော့
မနက်အစောကြီး အရမ်းအေးပြီး ကားက နှိုးလို့မရဘူး… သွားတဲ့အချိန်ကလဲ
ဒီဇင်ဘာလကြီးဆိုတော့ အေးလိုက်တာမှာ ခိုက်ခိုက်ကိုတုန်နေတာပဲ…
ဒါပေမယ့်ကားသမားကတော့ သူ့ကားနှိုးလို့မရလို့ ချွေးတွေပြန်ပြီး
ဒေါသတွေထွက်နေပြီ နိုင်ငံခြားသားတွေကလဲ ဘာဖြစ်တာလဲ..
ကားကတစ်လမ်းလုံးကောင်းနေပြီးတော့ အခုမှဘာဖြစ်တာလဲဆိုပြီး ပွစိ ပွစိ
နဲ့ပေါ့… ဒါနဲ့ကြံရာမရတဲ့အဆုံး ကားသမားက ဟိုတယ်ကနေ
မီးတုတ်တစ်ခုတောင်းလိုက်တယ်…. နောက်ပြီးကားအောက်ထဲကို ဖင်ဘူးတောင်းထောင်
အောင်ကုန်းပြီး ကားအင်ဂျင်ကို အပူပေးတော့တာပဲ… Heat
တိုက်တယ်လို့လဲခေါ်တယ်လေ… အဲဒီမှာတင် နိုင်ငံခြားသားတွေအကုန်လုံး
ပြူးပြူးပျာပျာ တွေဖြစ်ကုန်ပြီး ကားနားလေးကနေ၀ုန်းကနဲ
ကိုထွက်ပြေးကုန်ကြတယ်… ပြီးတော့ အနားလဲမကပ်ရဲ… ကားသမားကလဲ အားရပါးရကို
မီးတုတ်ကြီးနဲ့ ဖင်ကြီးကုန်းပြီး Heat တိုက်လို့ကောင်းတုန်း…
အင်ဂျင်ပူလောက်ပြီထင်မှ ကားအောက်ကနေထွက်လာတယ်… အဲဒီမှာတင် ခေါင်းဆောင်
နိုင်ငံခြားသားကမေးလိုက်တယ်…
Are u crazy?
အာ ယူ ကလေးစီး… တဲ့....
ကားသမားလဲ နဂိုကမှ ကားစက်မနိုးလို့ဒေါသထွက်နေရတဲ့အထဲ အခုလိုလာပွားတော့
တင်းသွားပြီး
This is not ကလေးစီး. This is လူကြီးစီး……. ဆိုပြီးတော့ ပြောလဲပြော
ကားပေါ်လဲတက်ပြီး စက်နှိုးလိုက်တာ ၀ူး….
ကနဲနိုးသွားပြီးလိုရာခရီးကိုဆက်သွား ခဲ့ရတယ်လေ….
အဲဒီမှာတင်နိုင်ငံခြားသားတွေက မီးတုတ်ကြီးတွေမြင်တိုင်း
လူကြီးစီး.......လူကြီးစီး… ဆိုပြီးထအော်တော့တာပဲ….။
*
သိပ်သိတာပေါ့
**(အရက်သမားလောက ဟာသများ)**
ကုမ္ပဏီတစ်ခု၏ ကော်မတီ အစည်းအဝေးပွဲတွင် အသင်းဝင်တစ်ယောက်မှာ ထိန်း မနိုင်၊ သိမ်းမရ မှုးနေ၏။ ထိုအစည်းအဝေးပွဲတွင် ယာယီအရာရှိနှင့် အမြဲတမ်းအရာ ရှိ လျာထားခန့်အပ်ရေးကို မေးမြန်းဖို့ အခြေနေ ရောက်လာသောအခါ မှုးနေသူက စကားပြောရန် ထရပ်လိုက်သည်။ ထိုအခါ ဘေးနားမှာ ရှိသူက...
“ထိုင်စမ်းပါဗျာ။ ခင်ဗျား သိပ်မှုးနေပြီ။ ယာယီနဲ့ အမြဲတမ်းဘာကွာလဲ ဆိုတာကို တောင် ခင်ဗျား သိမှာမဟုတ်ဘူး”
ထိုအခါ အမှုးသမားက...
“အိုး၊ သိပ်သိတာပေါ့။ ကျုပ် အခုမှုးနေတယ်။ အဲဒါယာယီ၊ တစ်ခဏပဲ။ ဒါပေမဲ့ ခင်ဗျားက လုံးဝ အသုံးမကျတဲ့ ငတုံးကြီးဗျ။ အဲ...ဒါကတော့ အမြဲတမ်းပဲ”
No comments:
Post a Comment