အော်........၂၀၁၁ ကို ကောင်းသောနှစ်သစ်ဖြစ်ပါစေ ဆုတောင်းလို့မှ မပြီးသေးဘူး လာပြီ အခန်းကျဉ်းလေးထဲမှာနေရကာမှ BBC ကမ္ဘာ့သတင်းတွေကို မပြတ်ကြည့်နေရတော့ ကမ္ဘာကြီးရဲ့ ဖြစ်ကြောင်းစုံလင်ကို ချက်ချင်းဆိုသလို သိမြင်နေရသည်။အဆိုးတွေ ....အဆိုးတွေ၊ သြစတေးလျမှာ ရေကြီး တယ်။တော်တော်ကြီးကို ရေကြီးတာ။ကိုယ်တို့နေထိုင်ရာ သီရိလင်္ကာနိုင်ငံလေးရဲ့ အလယ်ပိုင်းနဲ့ အရှေ့ပိုင်းဒေသ တွေမှာလည်း ရေတွေကြီး သန်းနဲ့ချီတဲ့လူတွေ နေစရာ စားစရာမရှိဖြစ်ကြ။သေတဲ့သူသေ ဒုက္ခရောက်သူရောက်နဲ့။ မနှစ်က ဒီအချိန်မှာ ပူပြီးပန်ကာဖွင့်နေရတဲ့ ကိုလံဘိုမြို့မှာတောင် အေးနေတယ်။နောက်ထပ်ဖြစ်ပြန်တာက ကိုယ်တို့နဲ့ရင်းနှီးတဲ့ ကာကာတို့ ရော်နယ်ဒင်ဟိုတို့ရဲ့ ဘရာဇီးမှာလည်း ရေတွေကြီး မြေတွေပြိုနေလို့ လူရာနဲ့ချီပြီးသေကြတာတဲ့လေ....။သြော် ဆိုးရွားလှတဲ့ ရာသီဥတုတွေပါပဲလား.........။မြန်မာပြည်မှာတော့ မိုးရာသီ မဟုတ်ပါဘဲနဲ့ မိုးတွေရွာလို့ ထီးဆောင်းပြီး မိုးရေစိုကြီးမှာ လူတွေ ထီးတွေနဲ့သွားလာနေကြတာ တွေ့မြင်ရပါတယ်။ ကိုယ်တို့လူဖြစ်လာပြီး တော်တော်ကြီးလာသည် အထိ ဆောင်းတွင်းကြီး မိုးရွာတာ မကြုံဘူးခဲ့။ လွန်ခဲ့တဲ့ လေးငါး ခြောက်နှစ်လောက်ကစပြီး ရာသီဥတု စဖောက်လာခဲ့သည်။ ဒါကြောင့် ကိုယ့်နယ်က ကိုယ်တော်တစ်ပါး ဆောင်းတွင်းရွာပြန်တော့ လမ်းခုလတ်မှာအိပ်နေတုန်း ညကြီးမင်းကြီး ခေါင်မိုးကနေ မိုးတွေ ဖျောက်ဖျောက် ကျသံ ကြားရတော့ " ဟ ......ဆောင်းတွင်းကြီး မိုးတွေ ကျလို့ပါလား " ဆိုပြီးအံ့အားသင့်မိကြောင်းစိတ်ညစ်ညစ်နဲ့ ပြန်လည်ပြော ပြတာကို မြင်ယောင်မိပါတယ်။ ဖတ်ခဲ့ဖူးတဲ့ ဆောင်းပါးတစ်ပုဒ်မှာဆိုရင် အရင်က ရေခဲပြင်စကိတ်စီးနေရတဲ့ နိုင်ငံကခါတိုင်းအချိန်အေးနေကျမှာ မအေးပဲ နှင်းမကျတော့တာကြောင့် အရင်လို စကိတ်မစီးရတော့ကြောင်း။ အရင် နှင်းမကျ တစ်ခါမှ မအေးဘူးတဲ့နိုင်ငံကလည်း အဲဒီနှစ်ကျမှ ထူးထူးခြားခြား အေးခဲပြီး နှင်းတွေ ကျလာတာကြောင့် လူတွေဟာ စကိတ်ကွင်းတွေလုပ်ပြီး စကိတ်စီးကြကြောင်း ဖတ်ရပါတယ်။ ဒါဟာ တကယ်ပဲ လူတွေရဲ့သဘာဝတရားကို အလေးမထားပဲ စက်ရုံတွေဆောက် မီးခိုးတွေ အဆမတန် ထုတ်လွှတ်တာတွေကြောင့် အိုဇုံးလွှာတွေ ပါးလာတာရယ်။ရေခဲတောင်တွေ အရည်ပျော်လာတာတွေရယ်ကြောင့် ရာသီဥတုတွေ ပြောင်းလဲ ဖောက်ပြန်ကုန်ပါပြီ။ ဒီအတိုင်းသာ ရှေ့ဆက်သွားကြမယ်ဆိုရင်တော့ ငါတို့နေထိုင်ရာ ကမ္ဘာကြီး အသက်ငင်တော့မယ် ထင်ပါရဲ့။ ဒီကိစ္စ ဒီပြဿနာကို တစ်ဦးတစ်ယောက်တည်း လုပ်ရုံနဲ့ဘယ်လိုမှ မရနိုင်တာ လူတိုင်းသိပါသည်။ခေါင်းဆောင်တွေက ဦးဆောင်ကာ ပြည်သူတွေကို တားမြစ်သင့်တာ တားမြစ်ရပါမည်။ထားပါတော့...........။
နောက် သတင်းဆိုးတစ်ခု က အမေရိကန်ပြည်ထောင်စု အရီဇိုးနား လွှတ်တော်အမတ်ကို သေနတ်သမားက ပစ်ခတ်တဲ့သတင်း။လူခြောက်ယောက် ပွဲချင်းသေဆုံးပြီး ကျန်လူတွေ ဒဏ်ရာပြင်းထန်စွာရရှိသွားပါတယ်။ ဆူဒန်နိုင်ငံမှာတော့ နိုင်ငံနှစ်ခြမ်းကွဲမယ့် အခြေအနေရောက်နေပါတယ်။နောက် တူနီးရှားမှာလည်း ရုတ်ရုတ်သဲသဲနဲ့ ဆန္ဒပြနေတာ တွေ့ရပါတယ်။ ဒါ ၂၀၁၁ ရဲ့ ပုံရိပ်ဆိုးတွေ ကို ရှင်းလင်းစွာမြင်နေရ၊ကြားနေရတဲ့ အပိုင်းအစလေးတွေပါပဲ နောက်ကော ဘာတွေဖြစ်လာအုံးမလဲ.............။ အဆိုးတွေအစား အကောင်းတွေ လာပါစေ ဆုတောင်းရင်း...................။
ကမ္ဘာကြီး ကျန်းမာပါစေ.........ဟု။
No comments:
Post a Comment