Friday, October 29, 2010

Tuesday, October 26, 2010

FRIEND........

Friends are a very rare jewel, indeed.

They make you smile and encourage you to succeed.

They lend and an ear.

They share a word of praise,
and they always want to open their heart to us.

Show your friends how much you care..........

BEFORE YOU DO..............

Before you speak ................................listen
Before you write .................................think
Before you spend ................................earn
Before you criticize .............................wait
Before you pray .............................forgive
Before you quit ...................................try

Bill Gates advice to young people:

"Stay away from credit cards (bank loans) and invest in yourself and remember:


A. Money doesn't create man but it is the man who created money.

B. Live your life as simple as you are.

C. Don't do what others say, just listen them, but do what you feel good.

D. Don't go on brand name; just wear those things in which you feel comfortable.

E. Don't waste your money on unnecessary things; just spend on them who really in need rather.

F. After all it's your life then why give chance to others to rule our life.

" The happiest people do not necessarily have the best of all.
They simply appreciate what they find on their way."

TIME...............

To realize the value of One Year.....
ask a student who failed a grade.

To realize the value of One Month.....
ask a mother who gave birth to a premature baby.

To realize the value of One Week.....
ask the editor of a weekly newspaper.

To realize the value of One Hour.......
ask the lovers who are waiting to meet.

To realize the value of One Minute.......
ask a person who missed the train.

To realize the value of One Second...........
ask a person who just avoided an accident.

To realize the value of One Millisecond............
ask the person who won a silver medal in the Olympics.

Treasure every moment that you have!

And treasure it more because you shared it with someone special,
Special enough to spend your time.

And remember that time waits for no one.

Yesterday is history.

Tomorrow is mystery.

Today is gift.

That's why it's called.......the Present !!

Monday, October 18, 2010

DaNa

ABOUT MONEY

With money you can buy a house,but not a home.

With money you can buy a clock, but not time.

With money you can buy a bed, but not sleep.

With money you can buy a book, but not knowledge.

With money you can see a doctor, but not good health.

With money you can buy a position, but not respect.

With money you can buy blood, but not life.

With money you can buy sex, but not love.



FROM CHINESE PROVERB







PROVERB

Three uncertainties in your life are...
Dream.......
Success.......
and Fate........

Three things that deteriorate your life are....
Liquor.....
Arrogance.....
and Anger......

Three undeniable things in your life are....
Serenity.....
Honesty....
and Hope.....

Three irrevocable things in your life are....
Time....
Words....
and Chance....

Three gems of your life are.....
Love....
Self-esteem...
and true friends.....

Kind hearts are the garden
Kind thoughts are the roots....
Kind words are the blossoms....
Kind deeds are the fruits....


FROM METACAFE

My temple4

Friday, October 15, 2010

Wednesday, October 13, 2010







နှစ်တွေကြာလေ လွမ်းစရာတွေဖြစ်လာမယ့် BPU တက္ကသိုလ်ပုံရိပ်အချို့နှင့်ဘာသာရပ်တွေရဲ့အခက်အခဲကို ကူညီပေးသော မစ္စတာနန္ဒန











သီတင်းသုံးရာ အနီးက စေတီဝန်းကျင်ဖြစ်ပါသည်။

တိမ်ကွဲဆည်းဆာ

နှင်းဆီ ပန်းများ အားလုံး သူ့ အဆင်း၊ သူ့ရနံ့ ဖြင့် သင်းမြ မြပျံ့ မွှေးကြ သည်။ သူ့ဘဝ၊ သူ့ အလှ ဖြင့် လှပ ထည်ဝါ ကြသည်။

ကျွန်တော် တစ်ဦး တည်း အတွက် တော့ နှင်းဆီ ပန်းများ အားလုံး ထဲတွင် တနင်္လာ နှင်းဆီ တစ်ပွင့် သာ မွှေးမြ လှပဆုံး ဖြစ်ပါသည်။

ထို့နေ့က မိုးမရွာသော နေ့တစ်နေ့ ဖြစ်ခဲ့သလို တနင်္လာနေ့ ညနေခင်း တစ်ခုလည်း ဖြစ်ခဲ့သည်။ ရတနာပုံ တက္ကသိုလ်၏ ကျောင်းဆင်းချိန် ညနေခင်းသည် လွင်ပြင်ကျယ်ကြီး တစ်ခုထဲသို့ နှင်းဆီပွင့်တွေ လွင့်ကျဲ လိုက်သလို လှပလွန်းပါသည်။ ကျွန်တော့်လို နောက်ဆုံးနှစ် ကျောင်းသား တစ်ယောက်အတွက် မဆန်းလှသော မြင်ကွင်း ဖြစ်သော်လည်း ဘယ်တော့မှ ရိုးမသွားသော မြင်ကွင်း တစ်ခုလည်း ဖြစ်သည်။

အလှတရား ဆိုသည်မှာ ခံစားတတ်သူအဖို့တော့ သဘာဝက ပေးသော ဆုလာဒ် တစ်ပါးပင်။ ထို့ကြောင့်လည်း ကျောင်းဆင်းပြီး ညနေခင်းတိုင်းလိုလို အဆောင်မှာ ခဏနားပြီးသည်နှင့် ဦးပိန် တံတားပေါ် လမ်းလျှောက် ဖြစ်သည်။ ထိုသို့ဖြင့် ဦးပိန်တံတား ပေါ်တွင်ပွင့်သော တနင်္လာ နှင်းဆီပွင့်လေးကို ကျွန်တော် သတိထားမိ ခဲ့သည်။

တံတား အလယ် နားခို ဇရပ်လေးတွင် ထိုင်ရင်း အဝေးသို့ ငေးနေတတ်သော ထိုကောင်မလေးသည် ကျောင်းသူ တစ်ယောက် ဖြစ်တာတော့ သေချာသည်။ အကြိမ်များစွာ တိုက်ဆိုင် တွေ့ခဲ့ပြီးချိန်၌ ကျွန်တော့်လို အလှတရားကို ခံစားဖို့ တံတားပေါ် ရောက်လာခြင်း မဟုတ်တာလည်း သေချာခဲ့သည်။ မှိုင်းရီနေသော သူ့မျက်ဝန်းတွေဟာ ကျွန်တော့်ကို ပဟေဠိများစွာ ပေးခဲ့သည်။ ကျွန်တော်ကိုယ်တိုင် သတိမထား မိသေးသော အချိန်အတွင်းမှာပဲ ထိုမျက်ဝန်းလေးတွေက အိပ်မက်ထဲထိ ရောက်ရှိနေခဲ့ပြီ။

ကောင်မလေးရေ..။ မင်းဟာ ဘယ်လို နက္ခတ်တွေနဲ့ ပွင့်တဲ့ ပန်းတစ်ပွင့်လဲ။ အခုငါ့ရင်ထဲမှာ အလင်းတွေ တဖွဲဖွဲ ကြွေကျ နေပေါ့။ မင်းမရှိတော့တဲ့ နေဝင် သွားချိန် ညနေခင်းတွေမှာ ငါ့ရင်ထဲက အလွမ်းကြယ်စင်တွေ လင်းမြလို့..။

‘မင်း တကယ် ချစ်နေပြီ ဆိုလည်း ဖွင့်ပြော လိုက်ပေါ့ကွာ’

လမင်းကျော် ပြောတဲ့ စကားကို မကြားသလိုပဲ ကျွန်တော်အဝေးကို ငေးနေမိသည်။ အချစ်တစ်ခု၏ ပွဲတက် အခမ်းအနားသည် အဲ့သလောက် လွယ်ကူမည် ဟုတော့ မထင်ပါ။

‘ကျောင်းထဲမှာလိုက်ရှာတာလည်း ဒီလောက် ကြာနေပြီ။ ဘာမှ မထူးခြားဘူး။ တံတားပေါ် သွားစောင့် တော့လည်း တနင်္လာနေ့က လွဲပြီး ကျန်တဲ့နေ့ဆို သူမလာဘူး။ မင်း ဇာတ်လမ်းက စ ကတည်းက တလွဲချည်းပဲ’

‘မင်းလို ပထမနှစ် ကောင်းမလေးကို မုန့်ပေးကြိုက်တာ လောက်တော့ ဘယ်လွယ်မလဲ’ မိုသျှန်းရဲ့ စကားကြောင့် လမင်းကျော်က ဝင်ခွပ်သည်။ ကျွန်တော်ကတော့ တနင်္လာပုံပြင်မှာ အတွေးတွေနဲ့ ငြိမ်သက်နေမိသည်။

‘မင်းဘာလုပ်မလည်းလက်ရုံး’

ထိုမေးခွန်း၏ အဖြေကို ကျွန်တော် ကိုယ်တိုင်လည်း သိချင်နေခဲ့တာ ပါပဲလေ။ ကျွန်တော် ဘာလုပ်ရမှာလဲ။ ပေါ်လိုက် ပျောက်လိုက် ဖြစ်နေသော အရိပ်ကို ဖမ်းမိဖို့ နည်းပညာ ကျွန်တော့်မှာ မရှိပါ။

ထိုသို့ဖြင့် နေ့ရက်တို့ ရင့်ရှည် လာခဲ့ရသည်။ တနင်္လာနေ့ ညနေခင်းပေါင်း ဘယ်လောက်ထိ ကုန်ဆုံး ကျော်လွန်ခဲ့ပြီလည်း ကျွန်တော် မမှတ်မိတော့။ သူ့မျက်နှာလေးကို အဝေးကငေးပြီး သူ့ဆံနွယ် ရနံ့လေးများကို လေပြည်မှာ လိုက်ရှာနေခဲ့မိသော အချိန်များမှာ ကျွန်တော်၏ ရူးသွပ်နေသော ညနေခင်းများသာ ဖြစ်ခဲ့ပါသည်။

အလွမ်းဖြင့် လည်ပတ်နေသော နာရီတစ်လုံးအဖို့ အချိန်တွေက ကုန်လွန် ခဲလှသည်။ သူငယ်ချင်းများ အလယ်၌ သူရဲဘောကြောင်သူ တစ်ယောက်လို မျက်နှာငယ် ခဲ့ရသော ကျွန်တော့်အတွက်တော့ အချစ်ဆိုတာ တွက်ရခက်ခဲသော သင်္ချာတစ်ပုဒ်သာ ဖြစ်ခဲ့ပါသည်။ ဂစ်တာသံများနှင့် ရောနှော လွှတ်တင်ခဲ့သော ကျွန်တော့်ချစ် ခြင်းတွေကို သူကြားမည် မဟုတ်ပါ။ မိုးစက်ပွင့်များနှင့် ရောနှော စီးဆင်းခဲ့သော ကျွန်တော့် အလွမ်းတွေကို သူမြင်မည် မဟုတ်ပါ။ ကျောင်းဆင်း ခေါင်းလောင်းသံနှင့် အတူ ရှင်သန်ခဲ့ရသော ကျွန်တော့် မျှော်လင့်ခြင်း များကိုလည်း သူသိမည် မဟုတ်တာ သေချာပါသည်။

မသေချာခြင်းများနှင့်လည်ပတ်နေသော လောကအလယ်၌ ကျွန်တော် သူ့ကို သိပ်ချစ်ကြောင်း ကတော့ သေချာခဲ့ပါသည်။ ထိုသေချာမှုတစ်ခုနှင့်ပင် မြစ်ကိုဖြတ်ကူးဖို့ ကျွန်တော် ဆုံးဖြတ်လိုက်သည်။ ထိုတောအုပ် ဘယ်လောက်ပဲ နက်နေပါစေ တနင်္လာ နှင်းဆီပန်းလေး ရှိရာ ကျွန်တော်အရောက် သွားမည်။

ထိုသို့ဖြင့်....။

စက်တင်ဘာလ၏ တနင်္လာနေ့ခင်းသည် မှုန်ဆန်စွာပဲ ပြာလဲ့နေသည်။ အရာရာသည် အလင်း ဖျော့ဖျော့ဖြင့် လင်းမြ လှပနေသလို ထင်ရ၏။ လက်ထဲတွင် ဆုပ်ကိုင်လာသော နှင်းဆီပန်းစည်းကို ကြည့်မိတော့ မျှော်လင့်ခြင်းတို့ဖြင့် ပိုမိုမွှေးမြနေသည်။

ကောင်မလေးရေ...

အနီရောင် နှင်းဆီပွင့်တွေက မင်းအတွက် ငါ့ချစ်ခြင်းရဲ့ ရဲရင့်ခြင်းပေါ့။ ငါ့ကမ္ဘာမှာ လရောင်ဖြာဖို့၊ မင်း ကမ္ဘာမှာ ကြယ်သီချင်းတွေ တိုးညင်းဖို့ မင်းရှိရာ အရောက်လာခဲ့ပြီ။

ထိုင်နေကျ နေရာလေးမှာပဲ ငေးနေကျ အကြည့်လေးတွေနဲ့အတူ သူ့ကိုတွေ့ရသည်။ တောင်သမန်ရေပြင်ကို ဖြတ်တိုက်လာသော လေပြည်မှာ နက်မှောင်သော ဆံနွယ်တွေက တလွင့်လွင့် ဝဲနေကြသည်။ ဒါ ကျွန်တော့် ကဗျာလေးပေါ့။ ကျွန်တော့်အနာဂတ်ရဲ့ အသက်ဓာတ်။သူ့အနားကို ကျွန်တော် ရောက်သွားတော့ မျက်ဝန်းလေး တစ်ချက်ပင့်ကြည့်သည်။ နှင်းဆီပန်းတွေ ပေးတော့လည်း အပြုံးလေးတစ်ပွင့်ဖြင့် အသာအယာ လှမ်းယူသည်။ ကျွန်တော့် ရင်ခုန်သံတွေက စကားလုံးတွေကို ဖိထား၏။ ရင်ဖွင့်ပွဲအတွက် လေးညှို့ကို ကျွန်တော် မငင်နိုင်သေး။

‘နှင်းဆီပန်းတွေ မပေးတာ ကြာပြီနော်... ကို။ မိုး ဒီနေရာလေးကနေ ကို..ပေးမယ့် နှင်းဆီနီတွေကို မျှော်နေမှာ မသိဘူးလား’

သူ့စကားတွေက တွက်ရခက်သော သင်္ချာတစ်ပုဒ်ကို မေးခွန်း ထပ်ထုတ် လိုက်သလိုပါပဲ။ သူကတော့ ဘာကိုမှ ဂရုမစိုက်ဘဲ ဆက်ပြောနေသည်။ ‘မိုးကတော့လေ၊ ဘယ်သူတွေ ဘာပြောပြော ကို.. တကယ်ရောက်လာမှာ သိနေတယ်။ မိုးကိုဘယ်တော့မှ ခွဲမသွားဘူးလို့ ကတိပေးထားတဲ့ ကို.. ဟာ မိုးဆီကို ပြန်လာမယ်လို့ မိုး ယုံတယ်’

တစ်စုံတစ်ရာ လွဲမှားနေပြီဆိုတာ သိလိုက်သော်လည်း ထိုတစ်စုံတစ်ရာမှာ ဘာဟုတော့ ကျွန်တော် မသိပါ။ တစ်ခုခုတော့ ပြောမှ ဖြစ်တော့မည်ဟု ဆုံးဖြတ် လိုက်မိချိန်၌ ကျွန်တော့် ပုခုံးကို လှမ်းတို့လိုက် သောကြောင့် လှည့်ကြည့် လိုက်မိသည်။ အဘိုးအို တစ်ယောက်..။

‘လူကလေးက မိုးသူငယ်ချင်းလား’

‘မဟုတ်ပါဘူး အဘိုး’

ကျွန်တော့်အဖြေကို ကြားတော့ အဘိုးအိုက ဪ.....ဟုဆိုကာ မိုးနှင့်အတန်ငယ်ဝေးသည့် နေရာသို့ ရောက်အောင်ဆွဲခေါ်သွားသည်။

‘မိုးက အဘိုးရဲ့မြေးပါ။ လူလေးတို့လိုပဲ တက္ကသိုလ် ကျောင်းသူပေါ့။ တိုတိုပြောရရင်ကွယ် မြေးလေးမှာ ချစ်သူရှိတယ်။ မိဘချင်းကလည်း သဘောတူ ထားတယ်။ ပြီးခဲ့တဲ့ သင်္ကြန်တုန်းက သူတို့နှစ်ယောက် လျှောက်လည်ကြရင်း ဆိုင်ကယ်မှောက်လို့ ကောင်လေး သေသွားတယ်။ မြေးလေးကတော့ မှတ်ဥဏ်တွေ ပျောက်ဆုံးသွားတယ်။ မြေးလေး မှတ်မိတာဆိုလို့ သူ့ချစ်သူ အကြောင်းပဲ။ အဘိုးမြေးကို လူလေး မေတ္တာရှိနေမှန်း ရိပ်မိနေတာ ကြာပါပြီ။ ဒါပေမယ့် မဖြစ်နိုင်တဲ့ ကိစ္စတစ်ခုကို ရှေ့ဆက် မတိုးချင်ပါနဲ့ကွယ်’

စိတ်ကူးယဉ်အိပ်မက်တို့ လေထဲမှာ လွင့်ပါသွားကြသည်။ မိုးကတော့ နှင်းဆီနီတွေကို ပွေ့ပိုက်ထားရင်း အဝေးကို မျှော်ငေးနေပြန်၏။ အချစ်သည် တစ်ခါတရံမှာ ထိုသို့ ကျီစယ် တတ်ပါသလား။ အင်းရေပြင်မှာ လှိုင်းကြက်ခွပ်လေး တွေတရိပ်ရိပ် ပြေးသွားတာမြင်ရ၏။ ခဏကြာတော့လှိုင်းလေးတွေ မရှိတော့။ သို့သော်ကျွန်တော့် ရင်ထဲမှ တနင်္လာ နှင်းဆီပွင့်လေးကတော့ ကျွန်တော့်နောက်ဆုံး ထွက်သက်အထိ မပျောက်မကွယ်ဘဲ ရှိနေတော့မှာ သေချာခဲ့ပါသည်။

ယနေ့သည် တနင်္လာနေ့ မဟုတ်ပါ။ ညနေခင်းသည်လည်း တနင်္လာနေ့ ညနေခင်းမဟုတ်ပါ။

အရာရာသည် တိတ်ဆိတ်စွာ ပြီးဆုံးသွားခဲ့ပြီ။ နားလည်ရခက်သော ပဟေဠိတစ်ခု၏ အဖြေကို သိရသောအခါ သင်ဘယ်လို ခံစားမှုမျိုးကို ပိုင်ဆိုင်ရပါသလဲ။

တံတားပေါ်မှနေ၍ အနောက်ဖက် ကောင်းကင်ကို လှမ်းမျှော်ကြည့်ပါက ဝင်လုဆဲနေခြည်ကို ဖုံးကွယ်ထားသော တိမ်တောင်တို့ ပြိုကွဲစပြုလာသည်ကို မြင်ရ၏။ တိမ်တိုက်များကြားမှ တိုးရှဲ ထွက်ပေါ်လာသော အလင်းဖျော့နေရောင် ၏ အလှသည် ဘယ်လောက် ကြည်နူးရင်ခုန်ဖွယ် ကောင်းလိုက်သလဲ။

ဆည်းဆာတစ်ခု၏ ကဗျာဆန် သောအလှတရားကို ခံစားခွင့်ရသည်မှာ သဘာဝက ပေးသော ဆုလာဒ် တစ်ခုသာဖြစ်သည်။

သို့သော်...

မကြာမီ နေဝင်သွားတော့မည်။

Monday, October 4, 2010

ကျွန်ုပ် အလိမ္မာတိုးသော နေ့တစ်နေ့ (ဦးဖိုးကျား)


လူအများစု၏ သဘောသဘာဝသည် အနည်းငယ်မျှ သိတတ်နားလည်လာလျှင် မိမိထက် ဗဟုသုတနည်းသူများနှင့် တွေ့ပါက မိမိကိုယ်ကို သွေးနားထင်ရောက်ကာ အခြားသူများအပေါ် အထင်အမြင်သေးချင်ကြသည်။ ထိုသူများ၏ ဘ၀ပေးအခြေအနေကို လိုက်ပါနားလည်နိုင်စွမ်း အားနည်းကြသည်။ ထိုအခါ ပဋိပက္ခသည် ပေါ်ပေါက်လာတော့သည်။ ဖြစ်ပေါ်လာသော မလိုလားအပ်သည့် ပြဿနာများကို ရှောင်လွဲနိုင်ရန်အလို့ငှာ အကောင်းဆုံးသော နည်းတစ်နည်းမှာ ကိစ္စတစ်ရပ်ကို မိမိထောင့်ကသာမဟုတ်ဘဲ အခြားသူ၏ ရှုထောင့်မှပါ ကြည့်တတ် မြင်တတ်ရန် အရေးကြီးကြောင်းကို ဆရာကြီး ဦးဖိုးကျားက သူ၏ ကိုယ်တွေ့ဝတ္ထုများစာအုပ်တွင် ကျွန်ုပ် အလိမ္မာတိုးသော နေ့တစ်နေ့ ဟူသော ဆောင်းပါးကို ရေး၍ ဆုံးမလမ်းညွှန်ခဲ့သည်။


ကျွန်ုပ် အလိမ္မာတိုးသော နေ့တစ်နေ့

ဦးဖိုးကျား

ကျွန်ုပ်သည် ပုသိမ်မြို့ မြန်မာ-ကရင် အင်္ဂလိပ်ကျောင်းတွင် ၉ တန်းလား၊ ၁၀ တန်းလား မမှတ်မိ၊ စာသင်နေစဉ် စာမေးပွဲပြီး၍ မိမိနေရပ် ဟင်္သာတနယ်၊ နိဗ္ဗာန်ရွာသို့ မီးရထားစီး၍ ပြန်ခဲ့သည်။

ရထားပေါ်တွင် ရထားစီး များစွာ ပါ၏။ ကျွန်ုပ်သည် ထိုအခါက များစွာ စကားပြောချင်၏။ နှုတ်ဆော့၏။ ဘယ်သူနှင့် စကားစမြည်ပြောရမည်နည်းဟု အပေါက်အစ ရှာလျက် ရှိ၏။

ကျွန်ုပ်၏ ရှေ့တန်း မျက်နှာချင်းဆိုင်လောက်တွင် အသက် ၃၀ ကျော်ခန့်ရှိ ယောကျာ်းတစ်ယောက်ကို စိုက်ကြည့်မိသည်။ အသားကြမ်း၍ မည်းညို၏။ ခေါင်းတုံးကို မျက်နှာသုတ်ပ၀ါ ညစ်ထပ်ထပ် ပတ်ထားသည်။ အက်ီၤမွာ လယ္ထြန္အက်ီၤ ဖြစ်၏။ လယ်ထွန်အကျီင်္ဆိုသည်ကား ဖျင်ကြမ်းကြမ်း၊ ရင်စေ့ပုံ၊ လက်ကျပ် အိတ်နှစ်လုံးတပ်၊ ရှေ့က ကနုကမာ ကြယ်သီးမျိုး သုံးလုံးမျှ ပါ၏။ သို့ရာတွင် ကြယ်သီး တပ်မထားချေ။ ရင်ဘတ် အဟောင်းသားနှင့် ဖြစ်၏။ ပုဆိုးမှာကား ချည်လုံချည် အကြမ်းစား အနွမ်းပင် ဖြစ်၏။

ထူးခြားသော အချက်ကား ထိုသူ၏ လက်ဝဲဘက် လက်ကောက်ဝတ်တွင် အတန် အလုံးကြီးသော မဲကြိုးချည် ပတ်ထားသည်ကို တွေ့ရ၏။ ငါတော့ စီးစီးနင်းနင်း စကားပြောရမယ့် လူကို တွေ့ပြီဟု စကားစလိုက်ပုံကား

“ဒီမှာ ဆရာကြီး၊ ခင်ဗျာ့လက်ထဲက မဲကြိုးက ဘာလုပ်တာလဲဗျာ့”

“သြော် ဒီမဲကြိုးလား၊ ဟို ကျုပ်တို့ ရွာဦးကျောင်း ဘုန်းကြီးရဲ့ အိပ်မက်အရ ချည်ထားရတာဗျ” ဟု ပြုံးရယ်၍ ပြောသည်။

“သြော် အိပ်မက်အရလား၊ ပြောပါဦးဗျာ၊ ခင်ဗျာ့ ဘုန်းကြီး အိပ်မက်က”

“ဒီလို ဒီလို၊ နောက်လက ကျုပ်တို့ ဘုန်းကြီးအိပ်မက်ထဲမှာ ၀တ်ဖြူစင်ကြယ်နဲ့ သိကြားလိုလို ဘာလိုလို ဆိုထင်ပါရဲ့ဗျာ။ အဲဒါ ဘုန်းကြီးဆီကို လာသတဲ့။ အောင်မယ်၊ ဘုန်းကြီးရှေ့မှာ ထိုင်တောင် မထိုင်ဘူး။ မတ်တတ်ကြီး ရပ်နေဆိုပဲဗျ။ သူ့ဟာက၊ အဲဒါနဲ့ ဘုန်းကြီးက မေးတော့ အဲဒီ အ၀တ်ဖြူနဲ့ သိကြားလို လူက ပြောသတဲ့၊ အရှင်ဘုရားရဲ့ နယ်ပယ်က ဒကာ၊ ဒကာမတွေကို အခုက စပြီး အနည်းဆုံး သရဏဂုံ သုံးပါး တည်ပါစေတဲ့။ ဘာပြုလို့လဲဆိုတော့ ရှေ့လ ကဆုန်လပြည့်နေ့ကျရင် ဘီလူးသဘက် တစ်ထောင်တိတိ ကျုပ်တို့ နယ်ကို ၀င်လိမ့်မယ်တဲ့။ ၀င်ပြီးတော့ သရဏဂုံ မတည်တဲ့ လူတွေကို အူအသည်း နုတ်စားလိမ့်မတဲ့။ သရဏဂုံတည်တဲ့ လူကိုသာ လွှတ်မတဲ့။ ဒီတော့ သရဏဂုံ တည်တဲ့ လူမှန်းသိအောင် ဘယ်ဘက်လက်မှာ မဲကြိုးချည်ပြီး မှတ်ထားရမတဲ့။ အဲဒီလို ဘုန်းကြီးက လူတွေကို သတိပေးဖို့ လျှောက်ပြီး ကွယ်သွားရောတဲ့ဗျ။

အဲဒါ မိုးလင်းတော့ ကုလားတက်ခေါက်ပြီး လူတွေကို ခေါ်ပြီး ဘုန်းကြီးက ပြောဟောလို့ မဲကြိုးချည်ကြရတာဗျ။ မချည်တဲ့လူတွေ အဲဟိုရှေ့လ ကဆုန်လပေါ့ဗျာ။ အဲဒီ ကဆုန်လပြည့်နေ့ညမှာ ဘီလူးသဘက်တွေက အူအသည်း နုတ်စားကြမှာ၊ အဲဒါ ကျုပ်လည်း ချည်ထားရတာပေါ့” ဟု အားရပါးရ ပြောပြီး ဘေးကပ်အိတ်ထဲမှ ဆေးရွက်ခေါက်ကို ထုတ်၍ ပလုတ်ပလောင်း ဆေးငုံလိုက်လေသည်။

ထိုအခါ စကားအလွန်ပြောချင်၍ နှုတ်ရွနေသော ကျွန်ုပ်သည် ဒီလူတော့ ငါ “ချွတ်” လိုက်ရဦးမယ်ဟု ခပ်ထွားထွား တရားဟောပုံကား

“ဒီမှာ ဆရာကြီး၊ ခင်ဗျားတို့ တောက ဆင်းရဲသားတွေ အဲဒါ ခက်တာပဲ။ သရဏဂုံတည်ခြင်း မတည်ခြင်းဟာ မဲကြိုးနဲ့ ဘာမှဆိုင်တာ မဟုတ်ဘူးဗျ။ ပိဋကတ်သုံးပုံမှာ ဘယ်ကျမ်းမှာမှ အဲဒီလို မဟောဘူးဗျ၊ ခင်ဗျားတို့ ဘုန်းကြီးကလည်း ဒီသရဏဂုံနဲ့ မဲကြိုးနဲ့ မဆိုင်တာကိုမှ မသိဘူးလားဗျာ။ တယ်ခက်တာကိုး။ ဒီမှာလေ သရဏဂုံဆိုတာက အတွင်းစိတ်ဓာတ်နဲ့ ဆိုင်တယ်ဗျ။ ရတနာသုံးပါးကို ကြည်ညိုတယ်ဆိုတာ ယုံကြည်တယ်ဆိုတာ စိတ်ကမှ ဖြစ်တာဗျ။ ဒီအပေါ်ယံက မဲကြိုးနဲ့ ဘယ့်နှယ်ဆိုင်နိုင်မလဲ” ဆို၍ သရဏဂုံကိစ္စနှင့် အနည်းငယ်သာ ဆိုင်သော ပါဠိအတိုအစ အနည်းငယ်ကို ကပေါက်ချိ ကပေါက်ချာနှင့် ရွတ်ပြပြီး ကိုယ်လိုရာဘက်ကို များများကြီး ဆွဲ၍ ဟောပြောလိုက်လေသည်။

မဲကြိုးနှင့် ခမျာမှာ ပါးစပ်အဟောင်းသားနှင့် နားထောင်နေ၍ ဘာမျှ ပြန်မပြောနိုင်ရှာချေ။ အသို့ ပြောနိုင်ရှာအံ့နည်း။ ခမျာမှာ လုပ်စား ကိုင်စား ဆင်းရဲသား တောတွင်းကြီးပြင်း၍ ပညာဗဟုသုတ များစွာ ရှိနိုင်မည် မဟုတ်ချေ။ မိမိတို့ တောရွာဓလေ့အတိုင်း ဆရာဘုန်းကြီး ပြောသမျှ ဆုံးမသမျှကို တစ်သဝေမတိမ်း လိုက်နာလျှင် သူတို့မှာ ကိစ္စပြီးပြီဟု မှတ်ထင်ကြလေသည်။

ဤသို့လျှင် ကျွန်ုပ်အား ခုခံပြောနိုင်သူ မပေါ်ပေါက်သဖြင့် “ဒီတွဲမှာ ငါတော့ ဗိုလ်ပဲ။ ငါအတော် တော်တာပဲ” ဟု အထင်ကြီးနေစဉ် ကျွန်ုပ်နှင့် နှစ်ယောက်ခြား ထိုင်နေသော ယောကျာ်းတစ်ယောက်က ကျွန်ုပ်သို့ လှမ်း၍ “ဟေ့ သူငယ်၊ ဒီမှာ” ဟု စကားစလိုက်သည်။

ထိုသူမှာ အသက် ၄၀ ခန့် ရှိသည်။ မြို့ကြီးသားကား ဟုတ်မည် မထင်၊ သို့ရာတွင် တည်ကြည်သော မျက်နှာ၊ စူးရှသော မျက်လုံးများ ရှိ၏။

ထိုသူက “ဟေ့ သူငယ် ဒီမှာ၊ အခု မောင်ပြောတဲ့ မဲကြိုးနဲ့ စပ်လို့ ကျုပ်ခပ်တိုတိုပဲ ပြောစရာ ရှိတယ်”

“ဟုတ်ကဲ့ခင်ဗျား၊ ကြားပါရစေ” ဟု ကျွန်ုပ်က အံ့သြသော မျက်နှာနှင့် ပြောသည်။

“ဒီလို မှတ်ပါ မောင်ရယ်၊ ဒီမဲကြိုးဟာ မောင့်အတွက် မလိုသော်လည်း သူ့အတွက် လိုတယ်၊ အဲဒီ စကားကို ပထမ စွဲစွဲမြဲမြဲ မှတ်ထား၊ ကိုင်း နည်းနည်းတော့ ချဲ့ပြောရသေးတာပေါ့”

သရဏဂုံ တည်မှုဟာ စိတ်ထားသာလျှင် အရေးကြီးကြောင်း မောင်ပြောတာ မှန်တယ်။ မောင်ကလည်း မဲကြိုး မပါဘဲနဲ့ သရဏဂုံ တည်နိုင်ကြောင်း ယုံကြည်တယ်။ ဒါကြောင့် မောင့်အတွက်တော့ မဲကြိုးမလိုဘူး။ ဟိုလူမှာတော့ မောင့်လို သိထားနှင့်ခြင်း၊ ယုံကြည်နှင့်ခြင်း မရှိဘူး။ ဆရာဘုန်းကြီးကိုသာ ယုံကြည်အားကိုးနေသူ ဖြစ်တယ်။ ဒီတော့ ဆရာဘုန်းကြီးက ပြောတဲ့အတိုင်း မဲကြိုးရှိမှ သရဏဂုံ တည်ပြီး ဘီလူးတွေ လာမစားနိုင်ဘူးလို့ သူ့မှာ ယုံကြည်နေတယ်။ ပြီးတော့ အဲဒီ မဲကြိုးမရှိရင် ဘီလူးစားခံရတော့မယ်လို့လည်း ယုံကြည်နေတယ်။ အကယ်၍ မဲကြိုးချည်မထားရင် ဟိုကဆုန်လပြည့်နေ့ညမှာ ဘီလူးလာစားလိမ့်မယ်လို့ သူစိတ်တထင့်ထင့် ဖြစ်နေမှာပေါ့။ အဲဟိုညမှာ အိပ်ပျော်မယ်တောင် မဟုတ်ဘူး။ စိတ်က စွဲနေတော့ ချွတ်ချွတ်သံ ကြားသည် ဖြစ်စေ၊ အရိပ်မည်းမည်း မြင်သည် ဖြစ်စေ၊ ခြင်ထောင်ကို လေတိုးလို့ လှုပ်သည် ဖြစ်စေ၊ ကြွက်တိုးမိလို့ ဖြစ်စေ၊ ဘီလူးသဘက်ပဲဟု စိတ်က ထင်မြင်ပြီး လန့်ကြောက်ပြီး သေချင် သေမယ်။ ဥပါဒါန်ကြောင့် ဥပဒ်ရောက်ဆို မဟုတ်လား မောင်ရဲ့၊ အဲဒါကြောင့် သူ့စိတ်လုံမှာ ဖြစ်လို့ သူ့အတွက်တော့ မဲကြိုးလိုတယ်လို့ မှတ်ရမယ်။ မောင့် အတွက်တော့ မလိုပါဘူး၊ မဟုတ်လား မောင်ရယ်” ဟု ပြောဆို၍ တသတ်နားလေသည်။

မဲကြိုးနှင့် ခမျာ၏ ၀ဋ် ကျွန်ုပ်သို့ လည်လေပြီ၊ ထိုလူကြီး ပြောဟောသည်ကို ကျွန်ုပ် ဘာမှ ပြန်မပြောနိုင်၊ ပြောစရာလည်း မရှိ၊ မှန်ကြောင်း ၀န်ခံရုံသာ ရှိတော့သည်။ သူ၏ ပြောချက်မှန်ပေသည်ဟု မိမိ၏ ပရမတ်ဆန်ဆန် အယူကို အတန်ငယ် ဖြေကာ “ဦးခင်ဗျား၊ ဦးပြောတာ မှန်ပေတယ်။ ကျွန်တော် မှတ်သားရတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျေးဇူးကိုလည်း ဘယ်တော့မှ မမေ့ပါဘူး ခင်ဗျား” ဟု ပြောရပေသည်။

ကျွန်ုပ်သည် လောက လူတို့၏ အကြောင်းကို အတန်ပင် ပိုမိုနားလည်သွားပါသည်။ ထိုနေ့သည် “ငါအလိမ္မာတိုးသော နေ့တစ်နေ့” ဟု ကျွန်ုပ် မှတ်သားထားလိုက်ပါ၏။ ယနေ့အထိ အနှစ် ၂၀ ကျော်ပြီ၊ ထိုဆုံးမဟောပြောပေးသော ဆရာ၏ ဂုဏ်ကျေးဇူးကို မပြတ်လိုပင် သတိရလျက် ရှိပါ၏။