အလွန်ရိုးသားသော လူိုူပျိုသူဋ္ဌေးကြိး တစ်ဦးသည် သေဆုံးခါနီးအချိန်တွင် ရှေ့နေအားခေါ်ယူကာ အရေးကြီးသည့်အချက်များကို မှာပုံမှာ..........
ူ
သူဋ္ဌေး ။ ။ ကျွန်တော်သိပ် မနေရတော့ဘူး။
ရှေ့နေ။ ။ စိတ်မလျှော့ပါနဲ့ ဗျာ။
သူဋ္ဌေး။ ။ အကူအညီ တောင်းချင်လို့ခေါ်လိုက်တာပါ။
ရှေ့နေ။ ။ ဟုတ်ကဲ့၊ပြောပါ၊ အစွမ်းကုန် ကူညီပါ့မယ်။
သူဋ္ဌေး။ ။ ကျွန်တော်သေရင် ကျွန်တော့ငွေကြေး ပစ္စည်းတွေကို ကျွန်တော့အုတ်ဂူထဲ ထည့်ပေးစေချင်ပါတယ်။
ရှေ့နေ။ ။ ဟုတ်ကဲ့၊ စိတ်ချပါ၊ ကတိပေးပါတယ်။
မကြာမီ သူဋ္ဌေးကြီးသေဆုံးသွားလေသည်။ သူဋ္ဌေးကြိးကို ပေးခဲ့သည့်ကတိအတိုင်း ရှေ့နေလည်း သူဋ္ဌေးကြီး အုတ်ဂူသို့သွားကာ
သူဋ္ဌေးကြီးပိုင်ဆိုင်သမျှ ငွေကြေး ဥစ္စာ ပစ္စည်းများ၏ တန်ဖိုးကို စက္ကူအလွတ်တွင်ရေးကာ ထည့်ပေးလိုက်လေသည်။
No comments:
Post a Comment