ဆေးခန်းတစ်ခုတွင် ဖြစ်၏။ အရက်စွဲနေသော လူနာအမျိုးသားအား ဆရာဝန်က ညွှန်ကြားနေသည်မှာ…
“ခင်ဗျားအဖို့ ပထမ အရက်ကို အဓိကရှောင်ရမယ်။ ပြီးတော့ ဆေးလိပ် ဆေးလိပ်ရှောင်၊ အသားမစားနဲ့၊ မိန်းမမလိုက်စားနဲ့”ဟု ပြောလိုက်သဖြင့် အရက်သမားလူနာက ပြန်ပြောလိုက်သည်မှာကား…
“ဟာ… ဆရာကလည်း ဒါဖြင့် ကျနော် လူဖြစ်ရကျိုးဘယ်နပ်တော့မှာလဲဗျာ”ဟူ၏။
No comments:
Post a Comment