မဖြစ်နိုင်တော့တဲ့ အရာများစွာအတွက် ဘ၀တွေကို Good bye လို့ပြောနေကြမယ့်အစား ဖြစ်နိုင်တာတွေကို တစ်စစီ၊တစ်စိတ်စီ၊တစ်စက်စီ ဖမ်းဆုပ်ပြီး ငါတို့တစ်ခုခု လုပ်ကြရမယ်။
Friday, December 23, 2011
ဘာပဲပြောပြော စာမေးပွဲတော့ ပြီးသွားခဲ့ပါပြီ၊အောင်တယ်ဆိုရင်တော့ မြန်မာပြည်ပြန်ဖို့ သေချာပါတယ်။တစ်နှစ်ပဲ လို့ပြောပြီး လာလိုက်တာ မမျှော်လင့်ပဲ နှစ်နှစ်ဖြစ်သွားခဲ့သည်။စာမေးပွဲအနေနဲ့ ရှုံးပေမယ့်လည်း လောကဓံတရား တွေကိုတော့ များများ စုဆောင်းမိခဲ့သည်။ လောကဓံပဲ မြန်မာပြည်မှာလည်း စုဆောင်းနိုင်တာပဲ။ ဒါမှမဟုတ် ကြုံတွေ့နိုင်တာပဲ မဟုတ်လားလို့ မေးကောင်းမေးပါလိမ့်မယ်။အဖြေကတော့ ဒီလောက်မရနိုင်ပါလို့ပဲ ဖြေရမှာဖြစ်ပါတယ်။ ဒီမှာနေရတာက ကိုယ်ထူကိုယ်ထ၊ရွယ်တူ မာနတူ ပညာတူတွေချည်း။ မြန်မာပြည်မှာ နေစဉ်ကာလတုန်းက ဘာမှမဟုတ်ပေမယ့်လည်း စာသင်တိုက်တစ်ခု၏ ဆရာတစ်ယောက်အနေနဲ့ဆိုတော့ ကိုယ်နေရာ ကျောင်းဆောင်လေးရဲ့ ဆရာတစ်ယောက် အကြီးတစ်ယောက် ဖြစ်နေလေတော့ ကိုရင်တွေက လေးစားကြရသည်။ လိုအပ်ချက်ကို ဖြည့်ပေးကြရသည်။ ဘာမှ အခက်အခဲမရှိ။ စားဖို့ဆိုရင်လည်း တုံးခေါက်တာနဲ့ သွားစားလိုက်ရုံပင်။ ဘာမှ ကိုယ်တိုင် ချက်ပြုတ်နေစရာ မလို၊နေဖို့ဆိုရင်လည်း လခပေးရဖို့ အဝေးကြီး အခန်းထဲကြိုက်သလို နေလို့ရသည်။ ဒီမှာတော့ အဲဒီလို မဟုတ်တော့ စားဖို့ဆိုရင်လည်း သူလုပ်သလို ကိုယ်ပါဝင်လုပ်ရသည်။ ငွေထည့်ရသည်။ နေဖို့ဆိုရင်လည်း ကိုယ်ပိုင်နေရာ ရရင်ရ မရရင် သူများမျက်နှာကို ကြည့်နေရသည်။ တစ်ခန်းထဲ နှစ်ပါးနေရပြန်လျှင်လည်း သူများအတွက် ကိုက်ချင်ကိုက်နိုင်ပေမယ့်။ ကိုယ်က ကိုယ်မကြိုက်တဲ့ အရာမှန်သမျှကို ဟန်ဆောင်ပြီးတောင် မလိုက်တတ်၊ရေလိုက်ငါးလိုက်မလုပ်တတ်တော့ နေရတာ ခက်နေပြန်သည်။ဒါကြောင့် အပေါင်အသင်းတွေနဲ့ ခပ်ကင်းကင်းနေနေရသည်။ ဒါကြောင့် နေရာတကာ တစ်ယောက်တည်းဖြစ်နေသည်။ ဥပမာ.ဖျားရင်လည်း ဘယ်သူမှ ကူမည့်သူမရှိ။ ဆေးခန်းသွားလျှင်လည်း တစ်ပါးတည်း။ တစ်ခုခု စားချင်လို့ သွားဝယ်ရင်လည်း တစ်ပါးတည်း၊အစစ အရာရာ တစ်ပါးတည်းပဲဆိုပါတော့ အရင်ကတော့ အစစ အရာရာနှစ်ပါး ဒါမမဟုတ် လူများများနှင့် လုပ်ရမှ ကျေနပ်တတ်ခဲ့တဲ့ကိုယ်ဟာ အခုတော့ အစစအရာရာ တစ်ပါးတည်း သွားလာလှုပ်ရှား နေတတ်ခဲ့ပါပြီ။ ဘယ်သူမှ အားကိုးနေစရာမလို မော့ကြည့်နေစရာမလိုတော့ ။ဒါလည်း တစ်မျိုးကောင်းသွားသည်။ အရည်အသွေးတိုးလာသည်ဟု ကိုယ့်ကိုယ်ကိုယ် ယုံကြည်နေမိသည်။မကြိုက်နှစ်သက်တဲ့သူတွေကတော့ ဒီကောင် အထီးကျန်သမား၊အပေါင်းအသင်းနည်းတဲ့ ကောင် ဘာညာပြောနေမည်လားမသိပါ။ကိုယ်ကတော့ ကျေနပ်ပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment