Tuesday, March 9, 2010

လွမ်းအသင်္ချေ

လွမ်းစိတ်ထွေထွေ
လွမ်းရိပ်ဝေအနန္တ
တကယ်ဝေးပြီကော
့ဘယ်ရှေးကံကြမ္မာသောပြီကောထင့်
ပြန်ပြောလျှင် ရွက်ကြွေတစ်ဆုပ်လို
မျက်ရည်သုပ်အတိတ်နွမ်းရယ်မို့
ကျီစယ်မိုး တမင်ရွာသလား
မကြင်နာပစ်ခွါအယိမ်း
မေတ္တာစိမ်းနဲ့ သူပျော်ပြီပေါ့
မျှော်ရည်မော လည်တစ်ဆန့်အငေးမှာ
နွမ်းလျအပူနဲ့ သောကဆူခဲ့ရ။

No comments:

Post a Comment